Social Media on Job Training ဆင့်ပွားသင်တန်း မြစ်ကြီးနားမြို့နယ်တွင် ဖွင့်လှစ်

Thu2

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ် သည့် Social Media on job Training ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ( မေလ ၆ ရက်) နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဦးညွန့်ဝင်း (မြို့နယ်ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ သင်တန်းသား/သူ (၇၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား မေလ(၆) ရက်နှင့် (၇) နံနက် (၉) နာရီ မှ ညနေ (၄) နာရီထိသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
Credit – U Nyunt Win


Leave a Reply