ပြည်နယ်ပါတီဥက္ကဋ္ဌ သထုံခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

13103331_1721566928131116_2132531736793811176_n

မွန်ပြည်နယ် သထုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မေလ (၅)ရက်နေ့ နံနက် (၁၀)နာရီချိန်က ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်(၄) မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ မှ မိမိပါတီ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇင် နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ သထုံခရိုင် ပါတီကော်မတီဝင်များ၊ (၄)မြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပါတီ ကော်မတီဝင်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မုဒုံသား


Leave a Reply