Verizon နှင့် KT ဆက်သွယ်ရေးကုမ္မဏီ ၂၀၂၀ တွင် 5G အား စံ သတ်မှတ်၍ အသုံးပြုနိုင်ရန် ပူးပေါင်း

အမေရိကန် အခြေစိုက် Verizon ကုမ္မဏီနှင့် ကိုးရီးယာအခြေစိုက် KT ဆက်သွယ်ရေးကုမ္မဏီ တို့သည် ပြီးခဲ့သော သောကြာနေ့တွင် 5G ကွန်ယက်အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မည့် သဘာတူညီချက် စာချုပ်အား ချုပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

13501607_1217135468305964_4318279310433027342_n

အဆိုပါသဘောတူညီချက်သည် ယနေ့တွင် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး နယူးဂျာစီရှိ Big Red Heartquarter တွင် သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြောင်း Android Authority သတင်းဌာနတွင် ဖော်ပြထားသည်။
5G အင်တာနက်အား ၂၀၂၀ တွင် တစ်ကမ္ဘာလုံး စံသတ်မှတ်ကာ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မူ သဘောတူညီချက် စာချုပ်ဖြစ်ကြောင်းသိရပြီး 4G အား ထမ်မံအဆင့်မြှင့်တင်သုံးစွဲသင့်ကြောင်း နှင့် 5G အင်တာနက်ရရှိရန် လက်ကမ်းသာလိုကြောင်း Verison ၏ Chairman Lowell McAdam မှ ပြောကြား ခဲ့သည်။

“၂၀၂၀ မှာ တစ်ကမ္ဘာလုံး 5G အင်တာနက်ကိုစံထားပြီးသုံးနိုင်ဖို့အတွက် အခုလို ပူးပေါင်းဆောင်ရွက် ခဲ့တာပါ။ တစ်နိုင်ငံတည်း5G သုံးနေလို့ 5G ကစံ မဖြစ်နိုင်ပါဘူး” ဟု ကိုးရီးယား KT ၏ Chairman Hwang Chang-gyu မှပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် 4G ကွန်ယက်အား စွန့်ဦးတီထွင်ခဲ့ခြင်းဖြစ်ပြီး ယခု5G ကွန်ယက် စတင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။

Ref: Android Authority

Democracy today


Leave a Reply