Samsung က S8 မှာပါဝင်မယ့် Exynos 9 စီးရီး ချစ်ပ်ကို မိတ်ဆက်

Samsung ကတော့ သူတို့ရဲ့ ကိုယ်ပိုင် ချစ်ပ်ဆက်တစ်ခုဖြစ်တဲ့ Exynos ချစ်ပ်တွေရဲ့ နောက်ဆုံးမျိုးဆက် ဖြစ်လာမယ့် Exynos 9 ချစ်ပ်ဆက်ကို မိတ်ဆက်လိုက်ပါတယ်။

ဒီလို နောက်ဆုံးပေါ်ချစ်ပ်ဆက်ကိုတော့ သူတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာမှာ ပုံနဲ့တစ်ကွဖော်ပြခဲ့တာဖြစ်ပြီး ဒါကိုတော့ နောက်ထွက်လာမယ့် Galaxy S8 နဲ့ S8 Plus တို့မှာ ထည့်သွင်းအသုံးပြု သွားဖွယ်ရှိနေတာ ဖြစ်ပါ တယ်။

Samsung ကတော့ သူတို့ရဲ့ ဈေးကွက်အနေအထားပေါ်မူတည်ပြီး ချစ်ပ်တွေကို အသုံးပြုသွားဖွယ်ရှိနေပြီး Qualcomm ရဲ့ ချစ်ပ်တွေအပြင်အခုလိုပဲ Exynos ချစ်ပ်တွေကိုလည်း တွဲဖက်အသုံးပြုသွားဖို့ စီစဉ်ထားတာဖြစ် ပါတယ်။

အရင်ကတော့ Exynos 8895 ချစ်ပ်ကို အသုံးပြုသွားမယ်လို့ ပြောခဲ့ပေမယ့်လည်း အခုဖော်ပြထားတဲ့ ဓာတ်ပုံ မှတော့ “discover cloud 9 with Exynos” လို့ ဖော်ပြထားခဲ့တာကြောင့် Exynos 9 လို့ သတင်းတွေ ထွက်နေခဲ့တာဖြစ်ပါတယ်။

အခု Exynos ချစ်ပ်မှာတော့ 10nm node တွေကိုအသုံးပြုသွားဖွယ်ရှိနေပြီး ပါဝါအသုံးပြုမှုသက်သာသွားတဲ့ အပြင် စွမ်းဆောင်ရည်ပိုင်းကတော့ ပိုမြင့်မားလာမယ်လို့ သိရပါတယ်။ 10nm chip ကြောင့် နေရာယူမှုကို ၃၀ ရာနှုန်းသက်သာသွားပြီး စွမ်းဆောင်ရည်ပိုင်းမှာ ၂၇ ရာနှုန်းတိုးတက်လာမှာဖြစ်ပြီး ပါဝါအသုံးပြုမှုကတော့ ၃၀ ရာနှုန်းအထိ လျော့ကျသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Mocha

Internet Journal