Oppo က Selfie Camera နှစ်လုံးပါဝင်လာမယ့် F3 နဲ့ F3 Plus တို့ကို ထုတ်လုပ်ဖွယ်ရှိနေ

Oppo ကတော့ Selfie အသားပေးတဲ့ဖုန်းတွေ ထုတ်လုပ်လျက်ရှိနေတဲ့ ထုံးစံအတိုင်းပဲ နောက်ထပ်လည်း ထုတ်လုပ်ဖို့ ပြင်ဆင်ထားလျက်ရှိနေပါတယ်။ မကြာခင်မှာတော့ Selfie ရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် ပိုပြီး အကြိုက်တွေ့စေမယ့် F3 နဲ့ F3 Plus တို့ကို Oppo က ထုတ်လုပ်သွားတော့မှာပါ။ Selfie Camera နှစ်လုံးပါဝင်လာမှာဖြစ်ပြီး၊ ကင်မရာအပိုင်းတင်မဟုတ်ပဲ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကိုလည်း သေချာ ပြင်ဆင်လာမယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ဒီဖုန်းတွေကို Oppo က တရားဝင် ထုတ်ဖော်သွားဖွယ်ရှိနေပြီး လောလောဆယ် သိရသ လောက်တော့ ဖုန်းမျက်နှာပြင် အရွယ်အစားဟာ Oppo F1 Plus ထက် ကြီးမားလာဖွယ်ရှိ နေပါတယ်။ F1 Plus တုန်းကတော့ ၅.၅ လက်မ မျက်နှာပြင်ကို ထုတ်ပြခဲ့တာဖြစ်ပြီး လာမယ့် F3 Plus မှာတော့ မျက်နှာပြင်အကျယ် ၆ လက်မဖြစ်လာနိုင်တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ သိရပါ တယ်။

နောက်ထပ် သတင်းတွေရတော့ ကျောဘက်ကင်မရာကတော့ 16MP ရှိမှာဖြစ်ပြီး ရှေ့ဘက် Selfie ကင်မရာကတော့ 16MP နဲ့ 8MP ကင်မရာတို့ကို တွဲဖက်အသုံးပြုသွားမှာပါ။ ထောင့်ကျယ် Selfie ပုံတွေ အတွက် အသားပေးထားတဲ့ပုံပါပဲ။ Group Selfie ကောင်းကောင်းဆွဲလို့ရမယ့် ဖုန်းတွေဖြစ်လာနိုင်ပါတယ်။ Oppo ကတော့ F3 မျိုးဆက်ဖုန်းတွေမှာ ပရော်ဆက်ဆာအနေနဲ့ Snapdragon 653 octa-core နဲ့ ပွဲထုတ် လာနိုင်ပြီး ARM Cortex A72, ARM Cortex A53 cores လေးခုစီကို RAM 4GB နဲ့ တွဲဖက် အသုံး ပြုသွားမှာပါ။ GPU ကတော့ Adreno 510 ကို သုံးသွားမှာဖြစ်တာကြောင့် ဖုန်းရဲ့ စွမ်းဆောင်ရည် ပိုင်းအနေနဲ့တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။

Intenal Storage ကတော့ 64GB ပါဝင်လာမှာဖြစ်ပြီး ဘက်ထရီကလည်း 4000 mAh ကို အသုံးပြုလာ နိုင်ချေရှိပါတယ်။ Android ဗားရှင်းကတော့ 6.0 Marshmallow ကို ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီ သုံးစွဲမှုကို ပိုပြီးချွေတာပေးနိုင်မယ့် ColorOS 3.0 နဲ့ Interface ကိုထောက်ပံ့သွားမှာပါ။ ဖုန်းကတော့ မကြာခင်မှာ ထွက်ရှိလာဖို့ သေချာပြီး Oppo အနေနဲ့ F3 နဲ့ F3 Plus ဖုန်းတွေကို အသုံးပြုသူတွေအတွက် ဘယ်လိုမျိုးအကောင်းဆုံးတွေနဲ့ ပွဲထုတ်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။   Mocha