Nokia စမတ်ဖုန်းနှင့် tablet သစ်များကို ယခုနှစ်ကုန်ပိုင်းတွင် မိတ်ဆက်မည်
ဖုန်းနှင့် tablet များအပါအဝင် Nokia မိုဘိုင်းထုတ်ကုန် လေးမျိုးခန့်ကို ယခုနှစ်ကုန်ပိုင်းတွင် ပွဲထုတ်မိတ်ဆက်မည်ဟု Nokia China မှ ပူးတွဲစီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲဖြစ်သူ မိုက်ဝမ်၏ ပြောကြားချက်အရ သိရသည်။ သို့သော်လည်း စတင်ရောင်းချမှုကို ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ပြုလုပ်ဖွယ်ရှိသည်။
Nokia အနေဖြင့် မိုဘိုင်းထုတ်ကုန်လောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် မေလက ကြေညာ ခဲ့သည်။ Nokia အမှုဆောင်ဟောင်းတစ်ဦး ဦးဆောင်သည့် HMD ကုမ္ပဏီသစ်က ထုတ်ကုန်များအတွက် ဒီဇိုင်းဖန်တီးမည်ဖြစ်ပြီး Foxconn က ထုတ်လုပ်မှု ပြုလုပ်မည်ဖြစ်သည်။
ကောလာဟလသတင်းများကမူ Nokia သည် ၅.၂ လက်မနှင့် ၅.၅ လက်မ QHD OLED display အသီးသီးပါဝင်ပြီး SD820 SoC, 22.6MP ကင်မရာနှင့် Android 7.0 ဖြင့် အသုံးပြုနိုင်မည့် ပရီမီယံဖုန်းနှစ်မျိုးကို ဖန်တီးနေကြောင်း ဖော်ပြခဲ့သည်။
Ref: GSMArena
Internet Journal