NAACP Image Awards ဆုပေးပွဲမှာ ငါးဆုသိမ်းပိုက်နိုင်တဲ့ ဘီယွန်စေး

လော့စ်အန် ဂျလိစ်မြို့တွင် ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် NAACP Image Award ဆုပေးပွဲ၌ အဆိုတော် ဘီယွန်စေးက ဆုငါးဆု သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ American Nation-al Association for the Advan-cement of Colored People (NAACP) က ဂီတ၊ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများ၌ ကျော်ကြား သူများကို နှစ်စဉ်နှစ်တိုင်း ဆုချီး မြှင့်ခြင်းဖြစ်သည်။

မကြာသေးမီက အမြွှာကိုယ်ဝန်လွယ်ထားရကြောင်း ကြေညာခဲ့သော ဘီယွန်စေးသည် အဆိုပါဆုပေးပွဲတွင် ယခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး အနုပညာရှင်အပါအ၀င် အ ကောင်းဆုံးအယ်လ်ဘမ်ဆုကို ‘Lemonade’ အယ်လ်ဘမ်ဖြင့် လည်းကောင်း၊ အကောင်းဆုံး ဂီတဗီဒီယိုဆုကို ‘Formation’ သီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံးစုံတွဲသီချင်းကို ရပ်ပါအဆိုတော်ကန်ဒရစ်လီမာနှင့် တွဲဖက်သီဆိုသော ‘Freedom’ သီချင်းဖြင့်လည်းကောင်း ရရှိခဲ့သည်။ ထိုသီချင်းဖြင့်ပင် အကောင်းဆုံးသီချင်းဆုအပါအ၀င် စုစုပေါင်း ငါးခုချီးမြင့်ခံခဲ့ရသည်။

ထို့အပြင် နာမည်ကျော် မင်း သား The Rock ဟု လူသိများသော ဒေနီဂျွန်ဆင်သည်လည်း ယခုနှစ်အတွက် အကောင်းဆုံး ဖျော်ဖြေသူဆု ချီးမြှင့်ခံခဲ့ရသည်။

NAACP အဖွဲ့ကို အမေရိ ကန်တွင် ၁၉၀၉ ၌ တည်ထောင်ခဲ့ ပြီး အာဖရိက-အမေရိကန်နိုင်ငံသား အခွင့် အရေးအတွက် လှုပ်ရှားသောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

# 7 Day Daily