MH17 ကို ပစ်ချခဲ့သည့် ဒုံးကျည်ကို ရုရှားနိုင်ငံမှတင်သွင်းလာခြင်းဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ပြော

14483770_1247890308568450_996502726_n

နီယူဝဲဂိန်း စက်တင်ဘာ ၂၉

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် မလေးရှားလေကြောင်းလိုင်းမှ MH17 လေယာဉ်ကို ပစ်ချခဲ့သော ဒုံးကျည်ကို ရုရှား နိုင်ငံမှ တင်သွင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ စတင်ကာ လူပေါင်း ၁၀၀ ကျော်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုက ပြောကြားသည်။

စုံစမ်းစစ်ဆေးသူများသည် ရုရှားသို့ခွဲထွက်လိုသူများ ထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်းရှိ ကွင်းပြင်တစ်ခု ထဲသို့ ပျက်ကျခဲ့သည့် မလေးရှားလေယာဉ်ကို ထိမှန်ခဲ့သော ဒုံးကျည်ကို စစ်ဆေးခဲ့ကြသည်။

သို့သော် ဒတ်ခ်ျဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုက BUK ဒုံးကျည်ကို ရုရှားကထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း တိုက်ရိုက်မစွပ်စွဲခဲ့သော်လည်း ရုရှားအစိုးရက သူတို့ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီးဖြစ်သည်။

အဆိုပါ မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့အသွား ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ပျက်ကျခဲ့ခြင်း နယ်သာလန်နိုင်ငံသား ၁၉၆ ဦးအပါအ၀င် လူပေါင်း ၂၉၈ ဦး သေဆုံး ခဲ့ရသည်။

# Democracytoday


Leave a Reply