iOS တွင် Prisma ကို offline အသုံးပြုနိုင်မည်

ဓာတ်ပုံများကို single tap ပြုလုပ်ရုံဖြင့် လှပသည့်အနုပညာလက်ရာများ အဖြစ် ပြောင်းလဲပေးသော Prisma app ကို iOS တွင် offline အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

prisma-sh-mashable-2016aug24

Prisma app ၏ photo filter များအတွက် လူဦးနှောက်ကဲ့သို့လုပ်ဆောင်သော neural ကွန်ရက်နည်းပညာ အသုံးပြုထားသည်။ အဆိုပါ filter များကို ဓာတ်ပုံတွင်အသုံးပြုနိုင်ရန် အင်တာနက်လိုအပ်သည်။ ၎င်းအတွက် လိုအပ်သော တွက်ချက်မှုစွမ်းရည်မှာ ကြီးမားသည်။ အချို့သောအလုပ်များတွက် အဝေးရှိ ဆာဗာများသို့ တာဝန် လွှဲပြောင်းပေးရန်လိုသည်။

ယခုအခါ Prisma သည် iOSစမတ်ဖုန်း app ကို သုံးစွဲရမြန်ဆန်စေရန် neural ကွန်ရက်နည်းပညာကို ပြင်ဆင် ထားသည်။ စမတ်ဖုန်း အမျိုးအစားအပေါ်မူတည်၍ မြန်နှုန်းကွာခြားသည်။ iPhone 6S ဖြင့် ဓာတ်ပုံများကို ပြင်ဆင်ပါက ၂.၅ စက္ကန့်၊ iPhone 6 ဆိုလျှင် ၃ စက္ကန့်ကြာမြင့်မည်ဖြစ်ကြောင်း Prisma ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ ဓာတ်ပုံတွင် Prisma filter အသုံးပြုလိုလျှင် ၂ စက္ကန့်မှ ၁၀ စက္ကန့်အထိ ကြာမြင့်ခဲ့သည်။ သို့သော် ကုမ္ပဏီ၏ဆာဗာတွင် တောင်းဆိုမှု များပြားသည့်အခါတွင် သုံးစွဲသူများစွာအတွက် အချိန်ပိုမိုကြာမြင့်လာမည် ဖြစ်သည်။

အနာဂတ်တွင် Prisma app ၌ အထူး mode တစ်ခုကို ထည့်သွင်းသွားမည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အဲလက်ခ်ဆေမိုစီယန်ကော့ခ်က ပြောကြားခဲ့သည်။

# IJ Mobile


Leave a Reply