Huawei P10 စမတ်ဖုန်းသစ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် မိတ်ဆက်မည်

ကုမ္ပဏီရဲ့ P-series စမတ်ဖုန်းသစ်ဖြစ်တဲ့ P10 ကို ဒီလကုန်ပိုင်းမှာကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်သွားမယ်လို့ Huawei က အတည်ပြု ပြောကြားလိုက်ပါတယ်။

Huawei ရဲ့ ကြော်ငြာဗီဒီယိုမှာ “Change the way the world sees you” ဆိုတဲ့ စာတန်းနဲ့အတူ မျက်လုံး နှစ်လုံးနဲ့ ဒီဇိုင်းတစ်ခုကိုပါ ဖော်ပြထားတာကြောင့် P10 မှာ ပြီးခဲ့တဲ့နှစ်က P9 လိုမျိုး dual camera စနစ်တစ်ခု ပါဝင်လာဖွယ်ရှိပါတယ်။

ကောလာဟလ သတင်းတွေမှာတော့ Huawei အနေနဲ့ P10 နဲ့ P10 Plus ကို မိတ်ဆက် သွားဖွယ်ရှိကြောင်း၊ အဲ့ဒီမော်ဒယ်နှစ်မျိုးမှာ ၅.၂ လက်မနဲ့ ၅.၅ လက်မ Quad HD display အသီးသီးပါဝင်ပြီး curved edge ဒီဇိုင်းနဲ့ တွေ့မြင်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် Kirin 960 နဲ့ 965 chipset တွေကို အသုံးပြုထားပြီး RAM က 4GB ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကိုတော့ P10 ကို တရားဝင်ကြေညာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: TheVerge