eCommerce အသုံးပြုမှု တယ်လီဖုန်းဘီလ်အတွက် အတွင်ကျယ်ဆုံးဖြစ်နေ

3_notific-2.1.0

e-Commerce စနစ်ကို စတင်ဆောင်ရွက်ခဲ့ရာတွင် တယ်လီဖုန်းဘီလ် ဖြည့်သွင်းမှုနှင့် လေယာဉ်လက်မှတ် ဝယ်ယူခြင်းအတွက် အတွင်ကျယ်ဆုံးဖြစ်နေကြောင်း သိရသည်။ Myanmar Payment Unionကတ် (MPU Card) များဖြင့် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည့် eCommerce ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ eCommerce အသုံးပြုနိုင်သော နေရာ (eCommerce Merchant) ပေါင်း ၄၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းတို့အထဲတွင် အွန်လိုင်းငွေပေးချေမှုစနစ်၊ အွန်လိုင်းဈေးဝယ်နေရာများ၊ လေကြောင်းလိုင်း များ၊ စီးပွားရေးလုပ်ငန်းများ အစရှိသည်တို့ ပါဝင်သည်။

“eCommerce အသုံးပြုမှုမှာ တယ်လီဖုန်းဘီလ်နဲ့ Top up ကတ်ရောင်းတာတွေ၊ ပြည်တွင်းအခွန်၊ အခွန် ထမ်းကြီးတွေ ပေးလို့ရတယ်။ ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်ငွေတွေကို MPU eCommerce ကနေ တစ်ဆင့်ပေးချေနိုင်အောင်လည်း ဆောင်ရွက်ထားတယ်” ဟု MPU မှ တာဝန်ရှိသူကဆိုသည်။ eCommerce ကို စတင် အသုံးပြုလိုသည့် MPU ကတ် ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့ဝင်ဘဏ်များတွင် eCommerce အသုံးပြုလိုကြောင်း လျှောက်ထားရမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်လို သည့် လုပ်ငန်းများအနေဖြင့် အဖွဲ့ဝင်ဘဏ်များမှတစ်ဆင့် Membership Form များရယူပြီး ဆောင်ရွက်ရ မည်ဖြစ်သည်။ လုပ်ငန်းများအနေဖြင့် အဖွဲ့ဝင်ဘဏ်များတွင် ငွေပေးချေမှုများ ဆောင်ရွက်ရန် ဘဏ် အကောင့်ဖွင့်ထားရမည် ဖြစ်ကြောင်း၊ အသုံးပြုလိုသည့် ကတ်ကိုင်ဆောင်သူများ အနေဖြင့် မိမိကိုယ်ပိုင် အီးမေးလ်အကောင့်တစ်ခုရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply