ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လွှင့်ထူ

 

စစ်တွေ စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ယမန်နေ့က ရခိုင် ပြည်နယ်ပါတီရုံးအပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ပါတီရုံးများတွင် လွှင့်ထူခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီရုံးရှေ့၌ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်တွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒေါ်စုစုလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) ဦးဇင်မင်းထွန်းနှင့် ပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးရုံး အဖွဲ့များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃) ကြိမ်မြောက် အခြေခံစားကုန်များ ထောက်ပံ့

မိုင်းယောင်း သြဂုတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ကိုးရပ်ကွက်၌ COVID ကာလအတွင်း ပြည် သူများ၏ စားဝတ်နေရေး အခက်အခဲကို အထောက်အပံ့ဖြစ်စေရန် အခြေခံမီးဖိုဆောင်သုံး စားကုန်ဖြစ်သည့် ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ နန်းတော်ရာတပ်ဦးကျောင်း ဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်

 

နေပြည်တော် သြဂုတ် ၂၆

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု နန်းတော်ရာတပ်ဦးကျောင်း ဆရာတော် ဦးပညာစက္က အရှင်သူမြတ်အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ဝါဆိုသင်္ကန်းနှင့် အန္တရာယ်ကင်း ကမ္မဝါစာများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၅/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၃/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရန်ကုန်တိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၀/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “မန္တလေးတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၈/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၅/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “စစ်ကိုင်းတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၂/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ကယားပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-