Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၃) ဦး တွေ့ရှိ

(၂၇-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၇၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၈) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃) ဦးအနက် (၄) ဦး၊ (၁၂.၁၂) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲ စစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၉) ဦး၊ (၈၇.၈၈) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွား သူများ ဖြစ်ပါသည်။ MOH

လျှပ်စစ်ကားထုတ်လုပ်ဖို့အတွက် လမ်ဘော်ဂီနီရဲ့ ဝါရင့်ဒီဇိုင်းပညာရှင်ကို ခေါ်ယူခဲ့တဲ့ Apple

Apple ကုမ္ပဏီဟာ သူတို့ရဲ့လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းအတွက် လမ်ဘော်ဂီနီ (Lamborghini)ကုမ္ပဏီရဲ့ ဝါရင့်ဒီဇိုင်းပညာရှင် လူဂီတာရာဘော်ရယ်လီကို ခေါ်ယူအားဖြည့်လိုက်ပါတယ်။

လမ်ဘော်ဂီနီကုမ္ပဏီမှာ နှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့တဲ့ တာရာဘော်ရယ်လီဟာ ကားကိုယ်ထည်၊ dynamics engineering ၊ သုတေသနနဲ့ မွမ်းမံပြင်ဆင်မှု ၊ ကိုယ်ထည်အောက်ပိုင်းပစ္စည်းတွေ၊ ကားဘီး၊ ကားတာယာ၊ စတီယာရင်၊ ဘရိတ်စနစ်၊ exhaust စနစ်၊ လောင်စာဆီစနစ်နဲ့ ယာဉ်မောင်းအထောက်အကူပြု နည်းပညာတွေရဲ့ ဒီဇိုင်းပိုင်းကို ဦးဆောင်ခဲ့သူပါ။

အာဆီယံယူ-၁၉ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိ

အာဆီယံအမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ် ဂျကာတာမြို့၌ ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် ဇွန် ၂၉ ရက်ညပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ပြိုင် ပွဲကျင်းပမည့် ဂျကာတာမြို့သို့ ထွက်ခွာရောက်ရှိခဲ့သည်။

လူ့ရဲ့ ဆီးနဲ့ မောင်းနှင်နိုင်တဲ့ ကားတွေ ထွက်ပေါ်လာတော့မည်

အနာဂတ်မှာ လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့မှာ သေချာပါတယ်။ ဒါပေမယ့် ကားတွေကို မောင်းနှင်ပေးနိုင်တဲ့ နောက်ထပ် ဓါတုဗေဒ ပစ္စည်း တစ်ခု ရှိပြီး အဲဒါဟာ လူတွေရဲ့ ဆီးမှာ များစွာ ပါရှိနေပါတယ်။

ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အတွက် အယူခံကို ဇူလိုင်လအတွင်း CAS ကြားနာစစ်ဆေးမည်

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အားကစားခုံရုံး(CAS) သည် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အတွက် အယူခံကို ဇူလိုင်လအတွင်း ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော် စစ်ပွဲဆင်နွှဲမှုကြောင့် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်း များအား နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA)က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဗီနိုင်းပိုစတာ စိုက်ထူ

 

အောက်တိုဘာလ ၅ ရက်​နေ့ နံနက် ​၉ နာရီအချိန်တွင်​ စစ်တွေမြို့နယ်​ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏​ အောင်နိုင်ရေး ဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ကြသည်။

အဆိုပါဗီနိုင်းပိုစတာများအား​စစ်​တွေမြို့၊ မြို့သူကြီးရပ်ကွက်​ တံတားကြီးရင်းအနီးနှင့် ဓညဝတီရပ်ကွက်​မီးစက်ကြီး အဝိုင်းအနီးတွင်​​ ပါတီအောင်နိုင်ရေး ကော်မတီဝင်များမှ စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။ Sittwe USDP

ပခုက္ကူ ပြည်ခိုင်ဖြိုးပါတီမှ ကွန်းရွာကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ် စိုက်ထူ

 

၂၀၂၀ စက်တင်ဘာ ၂၃ ရက်

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက်တွင် ခရိုင်ပါတီဥက္ကဋ္ဌ သိန်းထွန်း နှင့်မြို့နယ်ပါတီဥက္ကဌ ဦးသန်းအေးတို့၏ စီစဉ်ညွန်ကြားမှုဖြင့်မြို့နယ် EC ဦးရဲနိုင် ၊ ဦးအောင်ကျော်မြင့်၊ဦးမင်းသူ မြို့နယ်လူငယ်ရေးရာ တာဝန်ခံ ဦးအောင်လင်းထွန်းတို့ သွားရောက်၍ အုပ်စုပါတီဥက္ကဌ ဦးလှဝင်း ရွာခွဲခေါင်းဆောင်များ တက်ရောက်ပြီး ပါတီစည်းရုံးရေးနယ်မြေ ( ၂) အတွင်းရှိ ကွန်းရွာအုပ်စုကွန်းရွာကျေးရွာတွင် ပါတီဆိုင်းဘုတ်စိုက်ထူ ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာအကျိုးပြု လုပ်ငန်းများဆောင်ရွက်

 

စက်တင်ဘာ၂၃

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင် ပီလခက်ကျေးရွာ ပါတီဥက္ကဌ ဦးမျိုးခိုင် ဦးဆောင်၍ ကျေးရွာ ပါတီကော်မတီဝင်များ ပြည်ခိုင်ဖြိုးပါတီ ၀န်းရံသူ ကျေးရွာသူ/သားများမှ ကျေးရွာအတွင် covid 19 ကြိုတင် ကာကွယ်သော အားဖြင့် ဆေးများပက်ဖျန်းခြင်း၊ ကျေးရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကျော်ဌေး (ကျောက်တန်း)