၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ

 

လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။

တံတားဦးမြို့နယ်တွင်းရျိ လေဘေးဒဏ်သင့် ဘုန်းကြီးကျောင်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုမှ သွပ်ပြားများလှူဒါန်း

34901254-30042016

နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း မိုးသီးကြွေ လေပြင်းတိုက် မိုးကြိုးပစ်ခြင်းများဖြစ်နိုင်ဟု မိုး/ဇလထုတ်ပြန်

ir_enh_asian_0

ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

ခါးနာခြင်းအတွက် အိမ်တွင်းဆေး(၆)မျိုး

13087619_1088856844511499_2191035237066076860_n

ခါးနာတာဟာ အတော်အခံရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခါးနာဖူးပါတယ်။ ကာလရှည် နာခဲ့တဲ့ ခါးပါ။ အရှင်းပျောက်သွားတယ်ရယ်လို့ မရှိခဲ့ပါဘူး။ အခုတော့ အွန်လိုင်းပေါ်မှာ ဆေးနည်းလေးတွေ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

(၁) ချင်း(ဂျင်း) ဂျင်းက ပူပါတယ်။ ဒဏ်ကြောင့်ဖြစ်တဲ့ ခါးနာရောဂါကို နိုင်နင်းပါတယ်။ ဂျင်းအနည်းငယ်ကို ထောင်းပြီး နာနေတဲ့ နေရာကိုမိနစ် (၂၀) လောက် လိမ်းပေးပါ။ တစ်နေ့ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာရောဂါ ပျောက်ကင်းပါတယ်။

အရက်ဖြတ် ဆေးနည်း

13083225_1089325257797991_8526254706117478066_n

အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပဲ အသက်ပေးသွားကြသူတွေ များပြားလှပါပြီ။ အရက်သောက်သုံး သူဦးရေကလည်း များသထက်များလာနေပါပြီ။ မကောင်းတဲ့ လက္ခဏာပါ။ အရက်စွဲနေသူများအတွက် အရက်ပြတ်စေမည့် ဆေးနည်းလေးကို ရှာဖွေပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။ အကျိုးရှိစွာ အသုံးချ နိုင်ကြပါစေ။

(၁) “မိုးမှာ ပိတ်ချင်း၊ နွေမှာ ဂျင်း၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ တြိကဋုတ်(၃)ပါး(ပိတ်ချင်း၊ ဂျင်း၊ ငရုတ်ကောင်း)တို့ကို အခြောက်လှမ်း၍ ဆတူကြိတ်ထားပါ။

Boot Camp သို့တက်ရောက်ရန် MyanZen နှင့် GoP အဖွဲ့ကို ရွေးချယ်

13055498_1301478023201056_6074499030859199089_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။  (more…)