Boot Camp သို့တက်ရောက်ရန် MyanZen နှင့် GoP အဖွဲ့ကို ရွေးချယ်

13055498_1301478023201056_6074499030859199089_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။  (more…)


ဒဏ်ရာရကစားသမား များပြားနေသော်လည်း ဗီလာရီးရဲလ်နှင့်ပွဲ လီဗာပူးတိုက်ပွဲဝင်သွားမည်

4984987025

ယူရိုပါလိဂ်အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ဒဏ်ရာရ ကစားသမားများပြားနေသော်လည်း ဗီလာရီးရဲလ်ကွင်း၌ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က ပြောကြားသည်။ လီဗာပူးအသင်းတွင်ဒဏ်ရာ ပြဿနာများကြောင့် ပထမဦးစားပေးကစားသမား အများအပြား ဗီလာရီးရဲလ်နှင့် ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။

သို့သော် လီဗာပူး၏ အခွင့်အရေးနှင့်ပတ်သက်၍ ကလော့ပ် က အကောင်းဘက်က ရှုမြင်ပြီး ပွဲများပြားခြင်းနှင့် ဒဏ်ရာ ပြဿနာ များမှာ ကြီးမားသော အတားအဆီးမဟုတ်ဟု ရှုမြင်နေသည်။

မူးယစ်ဆေး စစ်ဆေးမှု ရလဒ်ကို လူသိရှင်ကြား ထုတ်ဝေရန် တင်းနစ်သမား နာဒယ် ပြော

Rafael-Nadal_reuters

နိုင်ငံတကာ တင်းနစ်ဖက်ဒရေးရှင်း (အိုင်တီအက်ဖ်) က သူ့ရဲ့ မူးယစ်ဆေးဝါး စစ်ဆေးမှု ရလဒ်တွေကို ထုတ်ဝေနိုင်တယ်လို့ ကမ္ဘာ့အဆင့် ၅ တင်းနစ်သမား ရာဖေးနာဒယ်က ပြောပါတယ်။

 

ဆေးသုံးတယ်လို့ စွပ်စွဲထားတဲ့ ပြင်သစ်အစိုးရ ၀န်ကြီးဟောင်းတဦးကို နာဒယ်က တရားစွဲထားတာ ဖြစ်ပါတယ်။

 

မန်စီးတီးနှင့်ပွဲအတွက် ရော်နယ်ဒိုနှင့်ဘန်ဇီးမား ကြံ့ခိုင်မှု စိုးရိမ်ဖွယ်ရှာဖြစ်နေ

Sports_6

ယနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့တွင် မန်စီးတီးနှင့်ပွဲတွင်  ရီးရဲလ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီးမားနှင့် ရော်နယ်ဒိုတို့၏ ကြံ့ခိုင်မှုမှာ ရီးရဲလ်အသင်းအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေသည်။ ပေါ်တူဂီတိုက်စစ်မှူး ရော် နယ်ဒိုသည် တနင်္ဂနွေနေ့က လေ့ ကျင့်ခန်းဆင်းခဲ့ပြီး ရီးရဲလ်နှင့် အတူ အင်္ဂလန်သို့ လိုက်ပါမည် ဖြစ်ကြောင်း ရီးရဲလ်နည်းပြ ဇီဒန်း က ပြောကြားသည်။