ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားပြုလုပ်

 

ရန်​ကုန်​တိုင်း​ဒေသကြီး​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှပါတီအလံအသစ်​တင်​ခြင်းအခမ်းအနားနှင့်​ပါတီဆိုင်းဘုတ်​အသစ်​တင်​ပွဲအခမ်းအနားကိုယ​နေ့(27-6-2018)နံနက်​(9:00)အချိန်​တွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံး၌မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှဦး​ဆောင်​၍မြို့နယ်​ပါတီ​ကော်​မတီဝင်​များ-မြို့နယ်​လူငယ်​​ကော်​မတီဝင်​များနှင့်​ရပ်​​ကျေး​ဥက္ကဌများနှင့်​​ရပ်​​ကျေး​ကော်​မတီဝင်​များဖြင့်​စည်းရုံးညီညွှတ်​စွာဖြင့်​​အောင်​မြင်​စွာကျင်းပခဲ့ပါသည်​။

Chan Mya Aye


ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား

မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထားပြီး သတင်းပေးတိုင်ကြားသူများအား ထိုက်တန်သည့် ဆုကြေးနှင့် အခွန်ကင်းလွတ် ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းများကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း၊ မေ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု သရက်ကုန်းရွာတွင် ယနေ့ နံနက် ၈ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာဥက္ကဋ္ဌ ဦးသန်းဦးနေအိမ်တွင် ပါတီရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်သူ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြစိုး၊ စည်းရုံးရေးမှူး ဦးကျာ်မင်းထွဋ်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဦး၊ ရပ်မိရပ်ဖ ဦးတင်ငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အကူအညီတောင်းခံစာများ လက်ခံရရှိသော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှသာ စတင်အကူအညီပေးနိုင်မည်ဟု ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင်ပြော

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် အကူအညီတောင်းခံ စာများ လက်ခံရရှိ သော်လည်း မြို့နယ်ရုံးများဖွဲ့စည်းပြီးမှ စတင်အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြေလည်မှုရရန် JICM အစည်းအဝေးခေါ်ယူရန်လို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြေလည်မှုရရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်အဆင့် တွေ့ဆုံသည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် လိုအပ်သည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။ 

နိုင်ငံ့ဝန်ထမ်း တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်

နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစား ခွင့်ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်သည်။

မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်ကို ဂွာဒီယိုလာ ဝေဖန်

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးကို အိမ်ကွင်းရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့သည့်ကွင်းလယ်ဒိုင် မာတီယူလာဟော့ဇ်ကို ဝေဖန်လိုက်သည်။

အဆိုပါပွဲစဉ်တွင် ဂွာဒီယိုလာက ဆာနေး၏သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ရာတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ ပြီးခဲ့ရာသီမိုနာကို နှင့်တွေ့ဆုံခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ရသင့်သည့် ပင်နယ်တီကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်မာတီ ယူလာဟော့ဇ်အကောင်းကို သိရှိထားပြီးဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

“နိုင်ငံတော်​သမ္မတ(ငြိမ်း )ဦးသိန်းစိန်​အားနိုင်​ငံအ၀ှမ်း ပြည်​သူများမှ ဂါရ၀ပြု ​တွေ့ဆုံပွဲအမှတ်တရများ”


ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဗင်ဟောကင်း ကွယ်လွန်

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။

စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြ၀ဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။