ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ ဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

ချောင်းဦး စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ငါးယှန်ကျေးရွာ အုပ်စု၊ ငါးယှန်ကျေးရွာ ဦးဇော်မင်း နေအိမ်၌ ကျင်းပခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။

အစိုးရအနေဖြင့် တပ်မတော်ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ပြည်ခိုင်ဖြိုး ထုတ်ပြန်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့ဘုတ်စ်ပေ့ခ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့ဘုတ်စ်ပေ့ခ်၊ မြဝတီ သတင်းပေ့ခ်အပါအဝင် အခြားပေ့ခ်နှင့် အကောင့်များအား Facebook မှ ဖြုတ်ချဖျက်သိမ်းလိုက်ခြင်းအတွက် အစိုးရအနေဖြင့် တပ်မတော်ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ပြည်ခိုင်ဖြိုးပါတီက ကြေညာချက် ထုတ်ပြန် ခဲ့သည်။ အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏ အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှား လိုက်ခြင်း သည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now အား ပြောကြားထားသည်။ “ခုလို ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက် တာပါ။ ဖေ့စ်ဘုတ်စ်ပေါ်မှာ သူ့ကိုဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Ruchika Budhraja က Myanmar Now ကိုပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆို​သောအားဖြင့် စု​ပေါင်းလုပ်​အား​ပေးပွဲပြုလုပ်

 

ကျာက်ပန်းတောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆို​သောအားဖြင့် စု​ပေါင်းလုပ်​အား​ပေးပွဲကို (၃၀.၈.၂၀၁၈) ရက်​​နေ့ နံနက်​ပိုင်းက မြို့ဦးအောင်စေတီဘုရားတွင် ​ပြုလုပ်​ရာ ကျောက်​ပန်း​တောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့် ​ခေါင်း​ဆောင်​​သော အင်​အား (၆၀) ဦးခန့်​မှ ဘုရားပရိဝုဏ်​အတွင်း စု​ပေါင်းသန့်​ရှင်း​ရေးပြုလုပ်​ခဲ့ကြပါသည်​။


မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဘာသာရေး ပညာရေးအားပေးကူညီ

 

မြင်းခြံ သြဂုတ် ၂၆

ဆုံရွာကွေ့ကြီးကျေးရွာတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အမျိုးချစ် ဘာသာချစ်ဓမ္မ ကူးလ် ကျောင်းသူကျောင်းသားများအား မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ရေခဲမုန့်နှင့်ကိတ်မုန့် အာဟာရဒါနကုသိုလ်ပြုလှူဒါန်းခဲ့ပြီး ကွေ့ကြီးကျေးရွာ ဆရာတော်အား သွားရောက်ဖူးမြော် ၍ ဝတ္ထုငွေများလှူဒါန်းခဲ့ပြီးနောက် ဖက်ပင်အိုင်ကျေးရွာမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော လေးဘာသာဂုဏ်ထူးရှင် အမြွှာညီအစ်မ သုံးဦးတို့အား ဂုဏ်ပြု ဆုငွေချီးမြှင့်ပြီး အားပေးစကားပြောကြားခဲ့ကြသည်ဟု သိရသည်။

မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဆိုင်းဘုတ်စိုက်ထူ

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၈.၈.၂၀၁၈ ရက်နေ့ နံနက်တွင် မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ ပါတီဥက္ကဌ ဦးမြဝင်း ၏နေအိမ်တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် ခရိုင်ပါတီဥက္ကဌ၊ မြို့နယ်ပါတီဥက္ကဌတို့မှ ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပတ်ဖြန်း၍ စိုက်ထူခဲ့ပြီး ၄င်းနောက်ဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်အားပေးကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြေားကြားပြီး ခရိုင်နယ်မြေတာဝန်ခံမှ ပါတီ၏ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြေားကြားခဲ့ပါသည်​။

မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ဆောင်နိုင်ရန်စီစဉ်

မိုဘိုင်းငွေပေးချေမှု စနစ်ကိုအသုံးပြုပြီး အခွန်ဆောင်နိုင်ဖို့အတွက် ၀န်ဆောင်မှုပေးလိုသူတွေကို အဆိုပြုလွှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနကဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ အသုံးပြုနေတဲ့ ခေတ်မီ ICT နည်းစနစ်တွေဖြစ်တဲ့ i Banking, Mobile Banking စနစ်များအသုံးပြု၍ လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေရဲ့ Mobile Payment စနစ်တွေအသုံးပြု၍ သော်လည်းကောင်း ပေးဆောင်နိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

သံတွဲခရိုင်နှင့် မြို့နယ် ပါတီဆိုင်းဘုတ်အသစ် စိုက်ထူပွဲပြုလုပ်

 

သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကို သံတွဲခရိုင်ပါတီရုံး၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်သန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဌများ၊ လူငယ်ပါတီဝင်များ၊ အမျိုးသမီရေးရာပါတီဝင်များတက်ရောက်ခဲ့ပြီး ပါတီဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းကာ စိုက်ထူခဲ့ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ၊ ခမ်းပါတ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြား

 

တမူး၊ ဇူလိုင် (၈)

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်/ တမူးမြို့နယ် ခမ်းပါတ်မြို့ မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် ခမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် လူငယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးမှ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည် ။

ပုခန်းကျောင်းတိုက်ဆရာတော်ကြီးအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်ဒေါက်တာမြင့်သိန်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရွှေဘို၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပုခန်းကျောင်းတိုက်ဆရာတော် ဥူးဝိမာလအား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ပါတီဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအလုပ်အမှုဆောင် ရွှေဘိုခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ်ကော်မတီဝင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူပြီး နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။