ဇူလိုင် ၂၃
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသ ရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက် ထားသည့် ” မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်း အမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ ” ရဋ္ဌနန္ဒက ” ၏ တစ်
နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အနေဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ” နှစ်သောင်းကျပ် တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ ထုတ်ဝေမည် ဖြစ်ကြောင်း သိရပါသည်။