
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ
=====================
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သည့် မြန်မာကလေးငယ်အဖွဲ့ မှပထမဆုရခဲ့ကြောင်း သိရသ ည်။

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ
=====================
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သည့် မြန်မာကလေးငယ်အဖွဲ့ မှပထမဆုရခဲ့ကြောင်း သိရသ ည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးရေလျှံ ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး
==============
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း မိးသတ်တပ်ဖွဲထံမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ည ၉ နာရီခန့်တွင် တပင်ရွှေ ထီးရပ်ကွက်၊ ညောင်လူးကျေးရွာနှင့် အင်ကြင်းစုကျေး ရွာတိုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များအတွင်း၌ ရေဝင်ရောက်၍ရေဘေးသင့်သူများရှိခဲ့ကြောင်း သိရသည်။

====================
ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တောင်ကြီးမြို့အား Safety, Smart And Happiness City အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

===================
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆင်အကအလှ ပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၆ ရက်နေ့က ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဝေးသင် သင်တန်းများ စာမေးပွဲ ဖြေဆိုမည့်ရက် ကြေညာခြင်း
======================
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များမှ ၂၀၂၅ ခုနှစ် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်သင်တန်းများအတွက် စာမေးပွဲများကို လာမည့် အောက်တိုဘာ ၁ ရက်မှစတင်၍ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီ U9 အဖြစ် ပြောင်းလဲမိတ်ဆက်မည်
==========
ကာတာအခြေစိုက် Ooredoo လုပ်ငန်းခွဲကို စင်ကာပူနိုင်ငံ အခြေစိုက် NINE Communication Pte.Ltd မှ ဝယ်ယူလိုက်ကာ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှစကာ အူရီဒူးမြန်မာဟာ U9 အမည်သစ်သို့ တရားဝင် ကူးပြောင်းမှာဖြစ်ပါတယ်။

နေပြည်တော်ရှိ ရေလှောင်တမံများ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိ
====================
မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေပေမယ့် နေပြည်တော်ရှိ ရေဆင်းရေလှောင်တမံ၊ ပေါင်းလောင်း ရေလှောင်တမံနှင့် ငလိုက်ရေလှောင်တမံတို့၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရပါတယ်။
ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအနီးရှိ ရေဆင်းရေလှောင်တမံက လက်ရှိအချိန်မှာ ကန်ရေပြည့်နီးပါး သိုလှောင်ထားရှိပြီး ရေဝေရေလဲဧရိယာအတွင်း အဆက်မပြတ်မိုးရွာသွန်းနေသဖြင့် ပုံမှန်ထိန်းသိမ်းမှုအဖြစ် ရေထိန်း မျှော်စင်မှရေဆင်းမြောင်းအတွင်းသို့ ရေထုတ်လွှတ်လျော့ချခြင်းသာရှိပြီး ရေပိုလွှဲမှရေကျော်ကျခြင်းမရှိသေးဘူး။

နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအချို့ရှိနေအိမ်များအတွင်း ရေဝင်ရောက်မှုများရှိနေ
======================
ဩဂုတ် ၂၇
ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့သည့်တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” ၏ အရှိန်ကြောင့် နေပြည်တော် အပါအဝင် ပြည်နယ် နှင့် တိုင်း (၁၄) ခု၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများကို ဘေးကင်းစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန် စစ်ဆေး လျက်ရှိပြီး ဈေးကွက်အတွင်း မှတ်ပုံတင်ထားခြင်းမရှိဘဲ ဆေးမေတ္တာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဆေး ၂၆ မျိုးကိုတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက်တွင် အသိပေးထားပါတယ်။

ဖျာပုံမြိုအနီး မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ် ၊ ရန်ကုန်တွင် သိသိသာသာခံစားရဟုဆို
ဩဂုတ်လ ၂၀ရက် ည (၇)နာရီ (၁၆) မိနစ်ခန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာ့ ပင်လယ်ပြင်၊ (ဖျာပုံမြို၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၅.၉၄) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထား သည်။