EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၅၃) ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် (၄၂) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၃၈) ဦးကိုယနေ့ (မတ်လ ၂၈)ရက်တွင် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ် စတင်မည်၊ စာသင်နှစ် ၁၃ နှစ်ဖြစ်မည်

လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးအတွက် KG+12 ပညာရေးစနစ် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စာသင်နှစ် ၁၃ နှစ်ဖြစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ကုမ္ပဏီ ၁၂၄ ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ကန်ထရိုက်လိုင်စင်များထုတ်ပေး

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီ ၁၂၄ ခုအား ကန်ထရိုက်လိုင်စင်များထုတ်ပေးခဲ့သည်။

အဆိုပါ ကုမ္ပဏီ ၁၂၄ ခုတွင် တည်ဆောက်ရေးလုပ်ငန်းအရည်အသွေးစစ်ဆေးရေးကုမ္ပဏီများ(QA/QC) ၂၇ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာအကြံပေးဆောင်ရွက်သော ကုမ္ပဏီများ(Consultant) ၂ ခု၊ တည်ဆောက်ရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီများ(Construction) ၉၃ ခု၊ အဓိကတည်ဆောက်ရေး ပစ္စည်းပေးသွင်းလိုသောကုမ္ပဏီများ(Trading) ၂ ခုဖြစ်ကြောင်း သိရသည်။

တပ်မတော်နေ့တွင် နေပြည်တော်အတွင်းသို့ ၁ဝ၇ မမရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန် ကြံစည်သူ နေပြည်တော် PDF အဖွဲ့ဝင်၂ ဦးအားဖမ်းဆီးရမိ

နေပြည်တော်၌ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားနှင့်ပျော်ပွဲရွှင်ပွဲနေရာများအား ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ကြံစည်​လုပ်​ဆောင်​နေသည့် နေပြည်တော် PDF အဖွဲ့ဝင် ၂ ဦးအားလက်နက်ခဲယမ်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များမှ မတ် ၂၄ ရက်တွင်ဖော်ထုတ်ဖမ်းဆီးရမိခဲ့​ကြောင်းသိရသည်။

တပ်မတော်နေ့၌နေပြည်တော်အတွင်းပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲနေရာများ၊စစ်ရေးပြကွင်း (ရှမ်းစု)နေရာတို့ကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရန် စီစဉ်ထားကြောင်း သတင်းအရလုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခု၌ နေ့အပူချိန်များတိုးမည်

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ် ၂၄ ရက်(ယနေ့)နံနက် ၇ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း၌ ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း ၊ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။
ထို့ပြင် ယနေ့ညနေအထိ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိမည့် လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်ဟုလည်း မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

အုတ်တွင်းမြို့နယ်တွင်ရန်ကုန်- မန္တလေး အဆန် လူစီးအမြန်ရထားမိုင်းခွဲတိုက်ခိုက်ခံရ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်တွင် မတ် ၂၁ ရက်ညပိုင်းက ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် လူစီးအမြန်ရထား လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်က ရန်ကုန်ဘူတာကြီးမှမန္တလေးဘူတာသို့ ထွက်ခွာလာသည့် အမှတ်(၃) အဆန်လူစီးအမြန်ရထားသည် ည ၁ နာရီခန့်၌ အုတ်တွင်းမြို့နယ်၊ ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာကြား မိုင်တိုင်အမှတ် (၁၄၂/၉)နှင့်(၁၄၂/၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အောင်မြေသာစံ မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရမှု  မတ်လ၂၂ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၊ ရလမ်းနှင့် ၈လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင်  အမရဌာနီအရှေ့ရပ်ကွက်၊ ရာအိမ်မှူးများဖြစ်ကြသော  ဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့ နှစ်ဦးသည် လက်ဖက်ရည် ထိုင်သောက်နေကြရာ အမည်မသိလူငယ် သုံးဦးခန့်မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၃၆ ဦး ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာ

ကိုရီးယားနိုင်ငံရှိ Hyundai MIPO Dockyard တွင် လုပ်ကိုင်မည့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား (၃၆) ဦးသည် မတ် ၂၁ ရက်တွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှအလုပ်သမားသံအရာရှိက ကြိုဆို၍ လိုအပ်သည် များကို ကူညီပံ့ပိုးပေးခဲ့သည်။

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၃၀ ကျော် FDA Myanmar ထုတ်ပြန်

ပြည်တွင်း၌သုံးစွဲရန်မသင့်သည့်အလှကုန်ပစ္စည်း ၃၀ ကျော်ကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA Myanmar က မတ် ၂၁ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါတားမြစ်ခံရသည့်အလှကုန်ပစ္စည်းများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံမှ အလှကုန်ပစ္စည်းများဖြစ်ပြီး အရေးပြားပေါ်တွင် လိမ်းသည့်ခရင်မ်များ၊ ဆိုးဆေးများပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။