ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝေလွင်လေဘေးသင့် အိမ်ထောင်စု များအား ဆန်အိတ်များ ထောက်ပံ့လှူဒါန်း

 

နေပြည်တော် မေ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် သည် ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုဝင် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ် သပြေစမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

နေပြည်တော်၊ မေ ၃

ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၃-၅-၂၀၁၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒက္ခိဏသီရိမြို့နယ် ပါတီဝင်များ ပြည်သူများနှင့်တွေ့ဆုံ

 

နေပြည်တော် ဧပြီ ၂၉

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ဗဟိုအလုပ်အမှုဆောင် ပြည် ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (ငြိမ်း) ဦးမြင့်လှိုင်နှင့် ရန်အောင်မြင်ကျေးရွာ အုပ်စုမှ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများထံ သောက်သုံးရေများလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့နံနက် ၈ နာရီတွင် ပူပြင်းလှသော နွေရာသီအချိန် သောက်သုံးရေရှားပါးအခက်အခဲရှိနေသည့် ပုဗ္ဗသီရိမြို့နယ် သစ်ယာကုန်းအုပ်စု သစ်ယာ ကုန်းကျေးရွာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များက သွားရောက်ပြီး ရေ ဘောက်ဆာကားဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းခဲ့ကြရာ ကျေးရွာနေပြည် သူလူထုမှ ဝမ်းမြောက်ဝမ်းသာ ရှိနေကြ ကြောင်း၊ နောက်ရက်တွေမှာလည်း ထပ်မံ လာရောက်ပေးဝေစေလိုကြောင်း ဆန္ဒရှိကြ ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ လူထုအခက်အခဲ လိုအပ်ချက်များရှိလာ လျှင် မိမိတို့ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အဆင်သင့် ရှိသည်ဟု မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင် က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်စာကြည့်တိုက်အတွက် အလှူငွေများလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၃

ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနှင့် နေပြည်တော်ခရိုင် ပါတီတို့က ယမန်နေ့ နံနက်၉နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း ကျေးရွာအုပ်စု ရွှေခဲအင်းကျေးရွာ ဓမ္မကျောင်းတော် ရွှေရောင်အနာ ဂတ်ဓမ္မစကူးလ်စာကြည့်တိုက် ဆောက်လုပ်ရန် ပြည်ထောင်စုနယ် မြေပါတီမှ ကျပ်သုံးသိန်းနှင့် နေ ပြည်တော်ခရိုင်ပါတီမှ ကျပ်နှစ်သိန်း စုစုပေါင်း မတည်အလှူငွေကျပ် ငါးသိန်းကို ဆရာတော်ဦးမုနိန္ဒထံ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာတော် က သာဓုအနုမောဒနာခေါ်ဆို၍ သီလပေးတရားဟောကြားပြီး ရေ စက်ချအမျှပေးဝေခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ သီဟသွေးလူငယ်များ ဇေယျာသီရိမြို့နယ် ဆင်သေချောင်းကူးတံတားပြုပြင်ဆောင်ရွက်

 

နေပြည်တော် ဧပြီ ၁ဝ

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်သာယာကုန်းကျေးရွာနှင့် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာချင်းဆက် အရှည်ပေ ၃ဝဝ၊ အကျယ်ခြောက်ပေရှိ ဆင်သေချောင်းကူး(လူကူး)တံတားပြုပြင်တည် ဆောက်ခြင်းအား ယမန်ေနေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ပြည်ထောင်စု နယ်မြေ သီဟသွေးလူငယ်များ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဧပြီ ၉

ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ခွဲမှ မွန်းလွဲ ၁နာရီအထိ ပြည်ထောင်စု နယ်မြေ နေပြည်တော်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကျင်းပ

 

၁-၄-၂၀၁၉ နေပြည်တော်

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကို အောင်သုခကျေးရွာ ရွာလယ်လမ်းမရှိ ဦးအောင်ပိုင်မင်း၏ ခြံဝင်းတွင် ဧပြီလ (၁) ရက်နေ့ နံနက် (၈) နာရီက ကျင်းပရာ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် နယ်မြေတာဝန်ခံ ဒေါ်ယဉ်မင်းမြင့်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၃၀-၃-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေမှ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီး ပါတီရဲ့ရပ်တည်ချက်၊ ရခိုင်ပြည်နယ်အရေးကိစ္စများနဲ့ပက်သက်ပြီး ယနေ့ ၃၀-၃-၂၀၁၉ ရက်နေ့ စနေနေ့ နံနက် ၉း၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းမီဒီယာများဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

(၇၄) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

 

၂၇-၃-၂၀၁၉ နေပြည်တော်

၂၇-၃-၂၀၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဗိုလ်မှူးချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။