ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပ

 

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီက ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို ရှေးဦးစွာ နိုင်ငံတော် အလံအလေးပြုပြီးနောက် ပါတီအောင်နိုင်ရေး အလံလွှင့်ထူ အလေးပြုခဲ့ကြသည်။ ယင်းနောက် ပါတီဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ပါ အောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာတွင် ဒေသကို အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ပြောကြား

 

နေပြည်တော်၊ သြဂုတ် ၂၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာ၌ ဒေသကို အမှန်တကယ် အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ နန်းတော်ရာတပ်ဦးကျောင်း ဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်

 

နေပြည်တော် သြဂုတ် ၂၆

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု နန်းတော်ရာတပ်ဦးကျောင်း ဆရာတော် ဦးပညာစက္က အရှင်သူမြတ်အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ဝါဆိုသင်္ကန်းနှင့် အန္တရာယ်ကင်း ကမ္မဝါစာများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်

 

သြဂုတ် ၁၉၊ နေပြည်တော်

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ ကျောင်းကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၈/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ပြည်ထောင်စုနယ်မြေ” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ဒေါ်ယဉ်မင်းမြင့်ဆွေပြော

 

နေပြည်တော် သြဂုတ် ၆

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုနယ်မြေအတွင်း “မဲစာရင်းထုတ်ပြန်ချက်” အပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်

 

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ အတုလမာန်အောင်သာယာဝှမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား သြဝါဒါစရိယ ကျည်တောင်အုပ်စု သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသြဘာသအား ဝါဆိုသင်္ကန်း နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့်အတူ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ရပ်ကျေးပါတီဥက္ကဌများ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံ

 

ဇေယျာသီရိ၊ ဇွန် ၁၈

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်အတွင်းရှိ အုပ်စုပါတီ ဥက္ကဌများ ပရဟိတအသင်းများနှင့် တွေ့ဆုံပြီး အော်ဂဲနစ်စံပြစိုက်ကွင်းများ အကောင်အထည်ဖော် စိုက်ပျိုးကြရန် ပရဟိတအသင်း (၁၀) သင်းမှ စိုက်ကွင်း (၁၀) ကွင်းအားစတင်၍ စမ်းသပ်စိုက်ပျိုသွားမည် ဖြစ်ကြောင်း လိုအပ်ချက်ရှိသော နည်းပညာများ မျိုးစေ့များကိုလည် သက်ဆိုင်ရာ စိုက်ပျိုးရေး အဖွဲ့များနှင့် ပေါင်းစပ်၍ ကူညီဆောင်ရွတ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူလွှတ်တော်ကိုယ်စားလှယ်မှ ပရဟိတအသင်းများအား PPE ဝတ်စုံများလှူဒါန်း

 

ဇွန် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်ပရဟိအသင်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကို အခြေခံသော စီပွားရေးလုပ်ငန်းများ (၃)လပတ်သီနှံများအား စိုက်ပျိုးကြရန် ပညာပေးလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပရဟိတအသင်းများ အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းများမှ လက်ခံရယူခဲ့ကြပါသည်။

လျှပ်စစ်မီးလင်းနိုင်ရေး ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ရုံး အဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်

 

နေပြည်တော် မတ် ၁ဝ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု သာယာအေးကျေးရွာ မီးလင်းနိုင်ရေး အတွက်မီးလိုင်းအလှူရှင် ဗိုလ်ချုပ်ကြီးသူရ သက်ဆွေနှင့်ဇနီးဒေါက်တာ ဝေမာထွန်း မိသားစုအား ပထမဦးစွာ ကျေးရွာတွင်းရှိ ပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူး တင်ပါကြောင်း မြို့နယ်ကျေးရွာများမှ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပြောကြားသည်။