လယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ ဆွေးနွေး

 

ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ နံနက် ၈နာရီမှ ၉နာရီအထိ လစဉ်ပုံမှန် အစည်း အဝေးပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးဦးဌေးဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦးနှင့်မြို့နယ် အလုပ် အမှုဆောင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဦးဌေးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်အလုပ်အမှု ဆောင်များနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပါတီဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံ(၂၀၁၈)၊ လေ့လာရေးခရီးစဉ်များ အတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်အစည်းအဝေးကျင်းပ

 

ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဆိုင်းဘုတ်နှင့် အလံသစ်တင်ပွဲကျင်းပ

 

ဒက္ခိဏသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယနေ့နံနက် ၉ နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်း ရပ်ကွက်၌ ပါတီဆိုင်းဘုတ်သစ် နှင့်ပါတီအလံသစ်လွှင့်တင်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်/ကျေးကော်မတီများတွေ့ဆုံ

 

အောင်အောင်(နေပြည်တော်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်နှင့်ရပ်/ကျေးကော်မတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် မြို့နယ်တာဝန်ခံ ဒေါ်သီတာထွေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဦးထင်လင်းအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၄ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိ မြို့နယ်​ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

ဇေယျာသီရိမြို့နယ် ​ရွှေ​ပေးရွာ ၊စက်​ကုန်းရွာ၊ အင်းသာရွာတို့တွင်​ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်​ပင်​စိုက်​ပျိုးပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်အားပေးကာ ကျွန်ပျိုးပင်အား စိုက်ပျိုးပေးခဲ့ပြီး ပါတီဝင် လူငယ်များအား ရင်းနှီးခင်မင်စွာ လိုက်လံနှတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်နှင့်မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေကော် မတီဝင် မြို့နယ်တာဝန်ခံ ဦးနိုင်လင်းသောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက် ခဲ့ကြ၍ ပါတီလှုပ်ရှားဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံအနှံ့မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီ အလံသစ်လွှင့်တင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ထောင်စုနယ်မြေရုံးရှေ့၌ ယနေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ အလံသစ်ပြောင်းလဲလွှင့်တင်ခြင်း အခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံအနှံ့ မြို့နယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား တစ်ပြိုင်နက် လွှင့်တင်ခဲ့ သည်။

ဥတ္တရသီရိမြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးတက်ရောက်

 

နေပြည်တော် ဇွန် ၂၁

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆင်သေချောင်းရေကာ တာတည်ဆောက်ပြီးစီးမှု သွားရောက်ကြည့်ရှု

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေပါတီ နေပြည်တော်ခရိုင်ပါတီ ပုဗ္ဗသီရိမြို့နယ်ပါတီတို့မှ ပူးပေါင်း ပြီး တည်ဆောက်လျက်ရှိသော ပြည်ခိုင်းဖြိုးပါတီ ဆင်သေချောင်း ရေကာ တာတည်ဆောက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊နေပြည် တော်ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး တို့က သွားရောက်ကြည့်ရှုခဲ့ရာ ဖြုတ်ခွဲကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလှငွေနှင့် ရေကာ တာတည် ဆောက်ရေးအဖွဲ့များမှပြီးစီးမှုအခြေ အနေအား လိုက်လံပြသခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဆင်သေချောင်းရေကာတာတည်ဆောက်ရေး လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 

ယနေ့မနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည့် နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ ကြံတဲစုကျေးရွာ ဆင်သေချောင်းရေကာတာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါလုပ်အားပေးပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် နေပြည်တော်ကောင်စီပါတီဝင်လူငယ်များတက်ရောက် လုပ်အားပေးခဲ့ကြသည်။