





တန့်ယန်း သြဂုတ် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာအုပ်စု၊ လုံးပုံးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးကျော်လှိုင်၊ အမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာ ခွဲမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တာဆီးရေးလုပ်ငန်း၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းခဲ့မှုများအပေါ် ဆွေးနွေးညှိနှိုင်းသည့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ဆွေးနွေးပြီးနောက် လုံးပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ဆုံးရှုံးမှုအတွက် တန့်ယန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ နှစ်သိန်းကျပ်တိတိ ( ၂၀၀၀၀ဝိ/- ) အား လှူဒါန်းခဲ့ကြပါသည်။
တန့်ယန်း.ဇူလိုင် ၁၄.၂၀၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ရွှေမောင်းသီလရှင် စာသင်တိုက်၌ ကျင်းပသော (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆုနှင်းသဘင် အခမ်းအနားကို (၁၄.၇.၂၀၁၉) ရက်နေ့တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်လူငယ်တာဝန်ခံ ဒေါ်နန်းဆိုင်လောင်၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် ကော်မတီဝင်များ တက်ရောက်သည်။
ယမန်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်နန်းခင်မြင့်င့်ဌေး ၊ အတွင်းရေးမှူး ဦးမောင်ငယ်နှင့် မြို့နယ် EC များ ၊ အမျိုးသမီး ရေးရာ ဒုတာဝန်ခံ ဒေါ်နှင်းဆီနှင့် လူငယ်ရေးရာ အတွင်းရေးမှူး ကိုစိုင်းကျော်ထွန်းနိုင်တို့ အဖွဲ့ဝင်များသည် မိုးဟောက်ကျေးရွာ အုပ်စုဘော်ဒေ ကျေးရွာပါတီဝင် ကိုမြင့်ကျော်စိုး နေအိမ်တွင် ပါတီဆိုင်း ဘုတ်တင်ခြင်း ၊ ဦးဆန်ပ နေအိမ်တွင် ကျေးရွာလူထုနှင့် တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းနှင့် အိမ်သုံးဆပ်ပြာရည် ချက်သင်တန်းအား (၂၈) ရွာမြောက် လက်တွေ့ ချက်လုပ် ပြသခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသော ကျေးရွာလုထု (၃၀) ဦးတို့အား ဆပ်ပြာရည်များ ဝေဌခဲ့ကြကြောင်း သိရှိရပါသည်။USDP Shan – North
၂၀၁၉ ဇူလိုင် ၄ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန် ပြည်နယ်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။
လားရှိုး၊ ဇွန် ၂၇
လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ မိုးလုံလေလုံ အားကစားရုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
လောက်ကိုင်၊ ဇွန် ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက လောက်ကိုင်မြို့ရှိ ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံတိုင်းရင်းသားများ တွေ့ဆုံခဲ့သည်။
လောက်ကိုင်၊ ဇွန် ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်း ဌေးသည် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ကွမ်းလုံ၊ ဇွန် ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့ရှိ ဦးဟော်ရှောက်ချန်း နေအိမ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကွမ်းလုံခရိုင် အတွင်းရှိ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ်တို့မှ ပါတီတာဝန် ရှိသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
လားရှိုး၊ ဇွန် ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၄ နာရီက သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပုညနန္ဒအား ဖူးမျှော်ကန်တော့၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့သည်။ ပေးအပ်လှူဒါန်း ရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီဗဟိုအတိုင်ပင်ခံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်းပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီကော်မတီဝင်များနှင့် ပါတီတာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။