သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအပတ်စဉ် အစည်းဝေး

thibaw3

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ (၁၀) ရက် နံနက် (၉) နာရီခွဲအချိန်က ခရိုင်ပါတီကော်မတီိဝင် ဦးအုန်းမောင်လေး၊  မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်အောင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှုး၊ မြို့နယ်ပါတီကော်မတီဝင်များနှင့်  ရပ်ကွက်/ကျေးရွာမှ စည်းမှူးများ အစည်းဝေးပြုလုပ်ခဲ့ပြီး မြို့နယ်မှလုပ်ဆောင်ရမည့် ပါတီလမ်းညွှန်ချက်များ၊ ရပ်ကွက်များမှလည်း မိမိရပ်ကွက်တွင်း လှုပ်ရှားမှုများနှင့် ထပ်မံဆောင်ရွက်ရမည့်ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ စေတီတော်သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များ အင်အား (၂၇၂) ဦးတို့သည် စက်တင်ဘာလ (၁၃) နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့် ခဲ့ရသော စူဠာမနိ စေတီတော် သန့်ရှင်းရေး သွားရောက်ကူညီ ဆောင်ရွက် ခဲ့ကြသည်။

14184357_1082694545148569_2434129903567660545_n

(more…)


သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်း အဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ ဆွေးနွေးညှိနှိုင်းပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့ နံနက် (၉း၃၀) တွင် သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရာဇသင်္ဂဟ ဖောင်ဒေးရှင်း ကိုယ်စားအသက်(၁၀၃)နှစ်အထက် အဘိုးအား ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရီသုစမ္မ ဦးသိန်းစိန် တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ တစ်နိုင်ငံလုံးရှိ သက်ကြီး၊ ၀ါကြီးဂုဏ်ပြုခံ အဘိုး၊ အဖွားများအား အလှူငွေ များနှင့်အတူ လှူဒါန်းကန်တော့လျှက်ရှိသည်။

သီပေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၆) ရက် နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း၊ မြို့နယ်ဥက္ကဌ ဦးအောင်အောင်နှင့် မြို့နယ် ပါတီကော်မတီများ အရံပါတီကော်မတီများ တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

လားရှိုးမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအားထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အသက်ရာကျော် အဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့လှူဒါန်းခြင်းကို အဂ္ဂ မဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော် သမ္မတ၊ ငြိမ်း) ဦးဆောင်တည် ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ယခုလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂ မဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံ တော်သမ္မတ၊ ငြိမ်း)ဦးဆောင် တည်ထောင်သည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ လားရှိုးမြို့နယ် အတွင်း အသက် ၁ဝဝ ကျော် အဘွားများဖြစ်ကြသည့် (၆)ရပ်ကွက် မှ အသက် ၁ဝဝ ရှိ ဒေါ်နန်းအမ်၊ (၇)ရပ်ကွက်မှ အသက် ၁ဝ၅ နှစ်ရှိ ဒေါ်နိုင်းခမ်းဆိုင်၊ (၁၂) ရပ်ကွက် မှ အသက် ၁ဝ၃ နှစ်ရှိ ဒေါ်လီဖင် ရီ၊ (၁၂) ရပ်ကွက်မှ အသက် ၁ဝ၂ နှစ်ရှိ ဒေါ်ရှင်ရှာဖောင်တို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်း ဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာ ဆက်လက်နေထိုင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းသော ဂုဏ်ပြုမှတ်တမ်း လွှာကို ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သူနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များသည် အသက်ရာ ကျော်အဘွားများအား အိမ်တိုင်ရာ ရောက် သွားရောက်ကန်တော့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

လောက်ကိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ အခြေခံပညာကျောင်း လိုအပ်ချက်များ ဖြည့်ဆည်းလှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးလျူမောင်မောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် (၃၁-၈-၂၀၁၆) နေ့တွင် လုံထန်ကျေးရွာအုပ်စု အိုက်ကျော်ကျိုင်းရွာ အခြေခံပညာ မူလတန်းကျောင်းတွင် လိုအပ်လျက်ရှိသော စာရေးခုံ အစုံ (၄၀)ခုံ နှင့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာအစုံတို့ကို သွားရောက်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆရာမများက လက်ခံရယူခဲ့သည်။

အမျိုးသမီးထုကျန်းမာရေးစောင့်ရှောက်မှု ကျောက်မဲတွင်ပြုလုပ်

ကျောက်မဲမြို့ခရိုင်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမတွင် ကျောက်မဲ ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှင့်မေတ္တာစမ်းရေနယ်လှည့်ကျန်းမာ ရေးစောင့်ရှောက်မှု ပရဟိတအဖွဲ့ တို့ပူးပေါင်း၍ ကျောက်မဲမြို့နယ် တွင်း အမျိုးသမီးထုကျန်းမာရေး စောင့်ရှောက်မှုကိုပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီက ပါတီမျက်နှာစုံညီအစည်းအဝေးသို့ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။`

အခမ်းအနားအစီအစဉ်အရ သဘာပတိဦးစိုင်းကြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟို ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပါတီမျက်နှာစုံညီ အစည်းအဝေးအကြို ညှိနှိုင်း စည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေး အကြိုညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၈) ရက် နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်မြေ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။