တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌ ဦးချစ်သန်း မြိတ်ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်းသည် နိုဝင်​ဘာလ (၁၀) ရက် နံနက်ပိုင်းတွင် မြိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး၌ မြိတ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

 

 

myeik

(more…)


တနင်္သာရီတိုင်းဒေသကြီးပါတီနာယက ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းမှုပြု

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယကအဖွဲ့ဝင် ဦးကျားမောင်သည် ပါတီ ဗဟိုကော်မတီဝင်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြိတ်ခရိုင်ပါတီကော်တီဝင် ဦးအောင်သူစိုး တို့ လိုက်ပါလျက် ပင်လယ်ပိုင်းကျေးရွာများဖြစ်သော မဲတော၊ အုတ်ဖိုမော်နှင့် စခန်းသစ်ကျေးရွာများသို့ နိုဝင်ဘာ (၈) ရက်နှင့် (၉) ရက်နေ့များက သွားရောက်၍ ဒေသခံပါတီဝင်များ၊ ပါတီကိုလိုလားထောက်ခံသူများ၊ ကျေးရွာ ရပ်မိရပ်ဖ ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည်။

tanintharyi3

(more…)


မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကျေးပါတီ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများ နှင့် အမာခံပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

14917092_1250965081592359_6377520951271140498_o

(more…)


ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့များ ထားဝယ်မြို့တွင် ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၇) ရက် နံနက် ၈ နာရီက တွေ့ဆုံပွဲအခမ်းအနားတစ်ရပ် ကျင်းပရာ တိုင်း ဒေသကြီးပါတီ နာယကများ၊ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်တို့မှ ပါတီကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁၁၅ ဦးခန့် တက်ရောက် ကြသည်။

sdsdsd

(more…)


မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ကျေးရွာခွဲ အမာခံပါတီဝင်များနှင့်တွေ့ဆုံမှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် သည် အောက်တိုဘာ (၂၂) ရက် ​နေ့လည်ပိုင်းက မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ လိုက်ပါလျက် အင်္ဂမော် ကျေးရွာအုပ်စုရှိ ကျေးရွာစည်းရုံးမှူးနှင့် ကျေးရွာခွဲပါတီဝင်အား ကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့သည်။

myeik

(more…)


တနင်္သာရီတိုင်းပါတီဥက္ကဋ္ဌ ကော့သောင်းခရိုင်/မြို့နယ်၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် တွေ့ဆုံမှာကြား

kt4

ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ တနင်္သာရီတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးချစ်​သန်း သည် ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် (၁၀) နာရီအချိန်က ကော့​သောင်းခရိုင်​ ပါတီရုံး၌ ​​ကော့​သောင်း ခရိုင်​/မြို့နယ်​/ရပ်​​ကျေးပါတီ​ကော်​မတီဝင်​များနှင့်​ ရင်းနှီးစွာ​တွေ့ဆုံ၍ ပါတီ၏စည်းရုံး​ရေးလုပ်​ငန်းများ​ လုပ်​​ဆောင်​ရာတွင်​ ပြည်​သူများအကြား ရင်းနှီးစွာဖြင့်​ ထိ​တွေ့စည်းရုံးနိုင်​​ရေး၊ ပါတီတွင်း ဒီမိုက​ရေစီရှင်​သန်​နိုင်​​ရေးအတွက်​ ပွင့်လင်းမြင်​သာမှုရှိ​အောင်​​ ဆောင်​ရွက်​​ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်​မှုရှိ​အောင်​​ဆောင်​ရွက်​​ရေး၊ ပါတီ၏မူဝါဒ နှင့်​ ယုံကြည်​ချက်​များအား ပြည်​သူလူထုသိရှိ​အောင်​ ချပြနိုင်​​ရေး၊ အရည်​အချင်းပြည့်​ဝ​သော ပါတီဝင်​များဖြစ်​​စေ​ရး တို့အား ရင်းနှီးပွင့်​လင်းစွာ​ ဆွေး​နွေးခဲ့ပြီး နယ်​​မြေအလိုက်​ စည်းရုံး​ရေးလုပ်​ငန်းးများ​ဆောင်​ရွက်​ရာ၌ ပရဟိတ အဖွဲ့များတွင်​ ပါဝင်​ပူး​ပေါင်း၍ ပြည်​သူအကျိုးပြုလုပ်​ငန်းများတွင်​ ပူး​ပေါင်း​ဆောင်​ရွက်​​ကြရန်​ မှာကြားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးချစ်သန်းသည် အောက်တိုဘာလ (၁၅) ရက် နံနက်ပိုင်းတွင် မြိတ်မြို့ရှိ တိုင်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

14714968_1228602393828628_4082196558245935594_o

(more…)


တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်း၊ ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးချစ်သန်းသည် အောက်တိုဘာ (၁၃) ရက် နေ့ မွန်းလွဲ ၂နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

tanintharyi

(more…)


မြိတ်မြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့ သင်္ကန်းနှင့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမိုးမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များလိုက်ပါလျက် အောက်တိုဘာလ (၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်မိသားစုတို့၏ ဥပုဒ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

14520586_309265349455660_3272433117045582544_n

(more…)


ရေဖြူမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းတာဝန်ခွဲဝေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီရုံး၌ အောက်တို ဘာလ (၅) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး နယ်မြေများ ခွဲဝေသတ်မှတ်တာဝန်ပေးအပ်၍ ပါတီရေးရာလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကိုပြုလုပ်ခဲ့သည်။

ray-phyu

(more…)