နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်း ထားဝယ်တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်းအမှတ်စဉ် (၁/ ၂ဝ၁၇) ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အရန်ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပတီ အတွင်းရေးမှူး ဦးနေမျိုးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

(more…)


တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည်များကိုဖြည့်ဆည်းပေး

 

ဗဟိုကော်မတီဝင် တနင်္သာရီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးချစ်သန်း(တောင်ဒဂုံ ဆီ အုန်းစိုက်ပျိုးရေးစီမံကိန်း)သည် ယမန်နေ့ နံက် ၁ဝနာရီမှစ၍ မိမိ၏ စီမံကိန်းဒေသအတွင်း နယ်စပ်ဒေ သဖြစ်သည့် ဘုတ်ပြင်းမြို့နယ်၌ အရှည်(၁၁)မိုင်ရေငံကြီးကျေးရွာ နှင့် ဝါးတင်းကျေးရွာချင်းဆက် လမ်းပိုင်းကိုမြေသားလမ်းအဖြစ် ဖောက်လုပ်နေမှုအပေါ် သုံးစွဲနိုင်ရန် စက်သုံးဆီဂါလန် ၂၅ဝကို လှူ ဒါန်းကာရေငံကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်းထိုင်ဆရာတော် အား ဥက္ကဋ္ဌကြီးကသွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရတနာအုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ ဆုထူးပန်တပ်ဦးကျောင်း ရတနာဂီရိကုန်းတော်ပေါ်၌ တည်ထားကိုး ကွယ်သည့်”ဖွား-ပွင့်-ဟော-စံဆုထူးပန်စေတီတော်မြတ်ကြီးအား ယခုလ ၁၂ ရက် နံနက်ပိုင်း၌ကျင်းပသော စေတီတော်ကြီး၏ အုတ် မြစ်တော်စီမင်္ဂလာအခမ်းအနားသို့ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချစ်သန်းတက်ရောက်ချီးမြှင့်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရူပ(ကော့သောင်း)


ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံကွန်ပျူတာသင်တန်းဖွင့်

 

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝနာရီက ဘုတ် ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီ အခြေခံကွန်ပျူတာသင် တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ယင်းသင်တန်းကို မြို့နယ်ပြည် ခိုင်ဖြိုးမှကြီးမှူး၍ရုံးအဖွဲ့မှူးဦးထွန်း ညွန့်နှင့်အဖွဲ့ဝင်တစ်ဦးက နေ့စဉ်၁ဝ နာရီမှစတင်ကာ အဆိုင်းငါးဆိုင်းခွဲ ၍ ဒေသခံပဉ္စမတန်းမှအဋ္ဌမတန်း ကျောင်းသားကျောင်းသူ ၃ဝကို အခမဲ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွယ်လွန်သူကျေးရွာ​ပါတီဝင်၁ဦးအတွက်အလှူငွေနှင့်ပစ္စည်းများသွား ရောက်ထောက်ပံ့ကူညီဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ ဝင် ၊မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအဖွဲ့သည်၉.၃.၂၀၁၇ရက်နေ့လည်ပိုင်းတွင်ရပ်ကွက်နှင့်ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့် ပါတီဝင်များလိုက်ပါ လျက် ​(၇.၃.၂၀၀၇)ရက်​တွင်​ကွယ်​လွန်​သွားသော မြိတ်မြို့နယ်၊နန်းတော်ရာကျေးရွာအုပ်စု၊အမာခံပါတီ တွဲ-စည်းရုံးရေးမှူးဦးအောင်သန်း၊အသက် ၃၈နှစ်၊၏နာရေးအသုဘပို့ဆောင်ရာ နန်းတော်ရာကျေး ရွာသို့ရောက်ရှိပြီးကွယ်လွန်သူပါတီဝင်၏မိသားစုဝင်များ နှင့်တွေ့ဆုံကာနာရေးကူညီမှုအလှူငွေနှင့်အထောက်
အပံ့ပစ္စည်းများကိုသွားရောက်ကူညီလှူဒါန်းပေးအပ်ခဲ့ ကြောင်းသိရသည်။

Kyaw Linn


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး ၊
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်းရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ရက် ၊နံနက် တွင်စလွန်းကျေးရွာနေဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယခုလ ၃ ရက်မှ စ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

ယင်းတွင် နယ်သာလန်နိုင်ငံသား Mr.Win (NGO)နှင့် ဦးသီဟတို့က သင်ကြားပို့ချလျက်ရှိပြီး ယခုအခါ ပဉ္စမတန်းမှ နဝမတန်းကျောင်းသား ကျောင်းသူ ၁၃၃ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမအတွင်း ယခုလ ၃ ရက်မှစ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေး အတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်း ရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ ရက် ၊ နံနက်တွင် စလွန်းကျေးရွာနေ ဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

 

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေးကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။