အာဏာသိမ်းမှုဖြစ်စဉ်၌ သူရဲကောင်းဖြစ်ခဲ့သော တူရကီစစ်သား အသတ်ခံရမှုအား အမှုစတင်စစ်ဆေး

လွန်ခဲ့သော ဇူလိုင်လက မအောင်မြင်ခဲ့သော စစ်အာဏာသိမ်းမှုတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သူဟု သံသယရှိ သောအရာရှိတစ်ဦးကို အသေပစ်သတ်ခဲ့ပြီးနောက် နိုင်ငံတော်သူရဲကောင်း  ဖြစ်လာခဲ့သည့် တူရကီ စစ်သားသေ ဆုံးခဲ့မှုအတွက် အင်္ဂါနေ့တွင် အမှုစတင်စစ်ဆေးခဲ့သည်။

 

(more…)


နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း အမေရိကန်ဒုတိယသမ္မတက တူရကီဝန်ကြီးချုပ်ကို ပြောဆို

အစိုးရသစ်အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယယ်ဒရင်ကို အမေရိကန်သမ္မတ မိုက်ပန့်စ်က ပြောကြား ခဲ့ကြောင်း ဒေသတွင်း မီဒီယာ များက ဖော်ပြသည်။

(more…)


စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ

အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှ လက်နက်ဝယ်လိုအား ကောင်းလာမှုကြောင့် စစ်အေးခေတ်နောက်ပိုင်း လွန်ခဲ့သော ငါးနှစ်အတွင်း ကမ္ဘာတစ်ဝန်း လက်နက်ကုန်သွယ်ရေး မြင့်တက် လာကြောင်း တနင်္လာနေ့တွင် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

 

(more…)


လစ်လပ်နေသော နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ နေရာအတွက် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့်ရွေးချယ်

လစ်လပ်နေသော နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဟားဘတ်ရေမွန် မက်မာ စတာကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

 

(more…)


တောင်ပိုင်းဆူဒန် နိုင်ငံတွင် အငတ်ဘေး ဆိုက်နေပြီဟု ကုလသမဂ္ဂ ကြေညာ

တောင်ပိုင်းဆူဒန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုကပ်ဘေး ဆိုက်ရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ကြေညာလိုက်သည်။ လတ်တလောတွင် လူပေါင်း တစ်သိန်းမျှသည် အငတ်ဘေးကြုံရန် နီးစပ်နေပြီး နိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ညီမျှသော လူပေါင်း ၅ သန်းမျှသည် အရေးပေါ် အခြေအနေများ လိုအပ်နေ ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

(more…)


ထရမ့်လက်ထက်တွင် မြောက်ကိုရီးယား အရာရှိများကို ဝါရှင်တန်သို့ ခေါ်ယူဆွေးနွေးဖွယ် ရှိဟုဆို

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ညှိနှိုင်းမှုများပြုလုပ်ရန်အတွက် မြောက်ကိုရီးယားအစိုးရအရာရှိများ ကို ဝါရှင်တန်သို့ ခေါ်ယူတွေ့ဆုံနိုင်သည့် အလားအလာရှိနေကြောင်း သိရသည်။

(more…)


တရုတ်တွင် H7 N9 ကြက်ငှက်တုပ်ကွေးကြောင့် သေဆုံးသူ မြင့်တက်လာနေပြီး မွေးမြူရေးလုပ်ငန်း အများအပြား ရပ်ဆိုင်းခဲ့ရ

တရုတ်သည် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H7 N9 ဖြစ်ပွားမှုကို အပြင်းထန်ဆုံး အခြေအနေနှင့် ကြုံတွေ့နေရပြီး ဇန်န၀ါရီ တစ်လတည်း၌ ၇၉ ဦး သေဆုံးခဲ့ကာ မွေးမြူ ရေးလုပ်ငန်း အများစုသည် ယင်းဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်း ခဲ့ရသည်။ ကြက်ငှက်တုပ်ကွေးရာသီတွင် သေဆုံးခဲ့သူဦးရေသည် ဇန်န၀ါရီလကုန်၌ ၁၀၀ အထိရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော် မရှင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

 

(more…)


ထိုင်ဝမ်အရေးအတွက် တရုတ်ကိုစိန်ခေါ်ခဲ့တဲ့အိန္ဒိယ မီးနဲ့ကစားလိုက်တာပဲလို့ ဆို

အိန္ဒိယအစိုးရအနေနဲ့ အထိခိုက်မခံတဲ့ ထိုင်ဝမ်ကိစ္စရပ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရကို စိန်ခေါ်တာဟာ အကြီး အကျယ် ဆုံးရှုံးမှုတွေခံစားသွားရလိမ့်မယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။ သည်သတိပေးချက်ဟာ ထိုင်ဝမ်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အိန္ဒိယကို သွားရောက်လည် ပတ်ပြီးနောက် ထွက်လာတာပါ။

 

(more…)


ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ရာထူးကို ဟားဝပ်ဒ် ငြင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ နေရာအတွက် ရောဘတ် ဟားဝပ်ဒ်နှင့် ညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။

 

(more…)


ရုရှားနှင့် စစ်ရေးကဏ္ဍ ပူးပေါင်းရန် အစီအစဉ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းရန် အစီအစဉ်မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က NATO မဟာမိတ်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားခဲ့သည်။

(more…)