ဂျပန်နိုင်ငံက မိဘနှစ်ပါးက ကလေးကို အပြစ်ပေးတဲ့အနေနဲ့ အသက် ၇ နှစ်အရွယ် ကလေးကို တောထဲ ချန်ထားရာက စနေနေ့ကတည်းက ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့ရပြီ ဖြစ်ပါတယ်။
အဲဒီကလေးဟာ မိဘပြောစကားကို နားမထောင်လို့ မိဘတွေက အပြစ်ပေးတဲ့အနေနဲ့ ချန်ထားတာ ဖြစ်ပြီး ပြန်လာရှာတဲ့အခါမှာ မတွေ့လို့ စနေနေ့ကစပြီး ရှာဖွေမှု ပြုလုပ်နေကြတာ ဖြစ်ပါတယ်။