မြောက်ကိုရီးယားကိစ္စ စိတ်ရှည်ဖို့ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ တိုက်တွန်း

ကိုရီးယားကျွန်းစွယ်ကို ဦးတည်နေတဲ့ အမေရိကန်စစ်သဘောင်္အုပ်စုရဲ့ လှုပ်ရှားမှုထဲ ဂျပန်ပူးပေါင်း ပါဝင် လာတဲ့အချိန်မှာ၊ မြောက်ကိုရီးယားကိစ္စကို စိတ်ရှည်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဒီနေ့ တယ်လီဖုန်းကနေ တိုက်ရိုက်ပြောဆို တိုက်တွန်းလိုက်ပါတယ်။

(more…)


ရုတ်နိုင်ငံ နှင့် ဖင်လန်နိုင်ငံ မှ ဥပဒေပြု အမတ်များ အကြား ဖလှယ်မှုများ ဆက်လက် ထိန်းသိမ်းသွားရန် ရှီကျင့်ဖိန် ပြောကြား

ဖင်လန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် ဖင်လန်နိုင်ငံ မှ ဥပဒေပြုအမတ်များအကြား ကဏ္ဍပေါင်းစုံ ဖလှယ်မှုများကို ဆက်လက် ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ ဥပဒေပြုအမတ်များ အချင်းချင်း နားလည်မှု ပိုမိုနက်ရှိုင်းလာစေရန် ဆောင်ရွက်သင့်ကြောင်း ဧပြီ ၅ရက် က ပြောကြားခဲ့သည်။

(more…)


အမေရိကန်နိုင်ငံ မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီလ ၄ ရက်နေ့တွင် ပြောရေးဆိုခွင့်ရှိသူ မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန်နိုင်ငံ က ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့အား ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပါဝင်ခဲ့သည်။

 

(more…)


အာဆတ်အား ထောက်ပံ့နေခြင်းများ ပြန်လည်စဉ်းစားသင့်နေပြီဟု ရုရှအား ကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဆီးရီးယားနိုင်ငံက ဘာရှာအယ်အာဆတ်အစိုးရအား ရုရှနိုင်ငံက ထောက်ခံနေခြင်းအား ပြန်လည် စဉ်းစား သင့်နေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် က ဧပြီ ၅ ရက်တွင် ရုရှအား သတိပေးလိုက်သည်။

(more…)


အမေရိကန်တွင် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ပြင်းထန်တဲ့ မိုးကြိုး မုန်တိုင်းတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ရာသီဥတုအခြေအနေမျိုး တွေ့ရကြောင်း အမျိုးသားမိုးလေဝသဌာနက ဧပြီ ၅ ရက်နေ့မှာ ကြိုတင်သတိပေးလိုက်ပါတယ်။

(more…)


ဆီးရီးယားနိုင်ငံအား ထောက်ပံ့ရန် အလှူငွေ ဒေါ်လာ ၆ ဘီလျံခန့်ရရှိကြောင်း အီးယူပြော

ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ရာ နယ်မြေမှမြို့သို့ ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခံရမှုအပြီးတွင် ဘရက်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သော ဆီးရီးယားထောက်ပံ့ရေး ညီလာခံ၌ နိုင်ငံတကာမှ အလှူရှင်များက ၂၀၁၇ တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့် လှူဒါန်းရန် ကတိက၀တ်ပြုခဲ့ကြောင်း ဥရောပသမဂ္ဂ (အီးယူ) မှ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

(more…)


ရေငုပ် သင်္ဘော ဆောက်ဖို့ တိုင်ဝမ် အတည်ပြု

ထိုင်ဝမ်က တရုတ် ရန်က ကာကွယ်ဖို့ ရေငုပ် သင်္ဘော ၈ စီး တည်ဆောက်ဖို့ ရည်ရွယ်ကြောင်း အတည်ပြု ပြောဆိုပါတယ်။

(more…)


အိန္ဒိယကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲ

ဆိုမာလီယာကမ်းလွန်မှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပြီး သင်္ဘောဟာ လောလောဆယ် ဆိုမာလီယာ ကမ်းခြေဆီဦးတည်ခုတ်မောင်းနေတယ်လို့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အစိုးရအရာရှိဟောင်းတစ်ဦးက တနင်္လာနေ့က ရိုက်တာကိုပြောပါတယ်။

(more…)


နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသဘောင်္ပေါ်က ပျောက်ဆုံးသဘောင်္သား ၂၂ ဦးကို ရှာဖွေနေဆဲ

ဥရုဂွေးဟာ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးပေါ် လိုက်ပါလာတဲ့ ပျောက်ဆုံး သဘောင်္သား ၂၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်သူ သဘောင်္သားနှစ်ဦးကို ရှာတွေ့ထားတယ်လို့လည်း သိရပါတယ်။

 

(more…)


ရုရှား မှာ မြေအောက် ရထား ပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၁ ဦး သေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်ဘူတာရုံမှာ ဧပြီ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးပြီး အခြား လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်သမား တန်ပြန်နှိမ်နင်းရေး ဌာနမှ အကြီးအကဲရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုဟာ Sennaya Ploshchad နဲ့ Tekhnologichesky Institut ဘူတာရုံနှစ်ခုကြား ရထားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(more…)