အစိုးရနှင့် သဘောတူညီချက် ရရှိအပြီးတွင် အိုင်ဗရီကို့စ်ရှိ လေးရက်တာ တပ်တွင်းပုန်ကန်မှု အဆုံးသတ်

အိုင်ဗရီကို့စ်အစိုးရဘက်မှ လစာပေးချေရန်သဘောတူညီခဲ့ပြီး အငြင်းအခုံဖြစ်မှုကို အဆုံးသတ်ခဲ့သောကြောင့် နိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားခဲ့သော လေးရက်တာ တပ်တွင်းပုန်ကန်မှုကို ပုန်ကန်သော စစ်သားများက အင်္ဂါနေ့တွင် ရပ်တန့်ခဲ့ကြသည်။

(more…)


မြောက်ကိုရီးယား ဒုံးကျည်ပြဿနာ ကုလအရေးပေါ် ဆွေးနွေးမည်

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနက်ဖြန် အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ရှိနေပါတယ်။ မြောက်ကိုရီးယား ဘက်က အရင်က မစမ်းသပ်ဖူးတဲ့ ဒုံးကျည် အမျိုးစားသစ်တမျိုးကို မနေ့ တနင်္ဂနွေနေ့က စမ်းသပ်ခဲ့ပြီးနောက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့က အရေးပေါ် ဆွေးနွေးကြဖို့ တောင်းဆိုခဲ့တာပါ။

(more…)


ပြင်သစ်တို့ရဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်ချက်တွေ ပြန်လည်ရှင်သန် လာစေရမယ်လို့ သမ္မတသစ် မက်ခရွန် ကတိပေး

နိုင်ငံမှာ ပြည်သူပြည်သားတွေရဲ့ ယုံကြည်ချက် ပျောက်ဆုံးနေမှုကို ပြန်လည်နိုးထ ရှင်သန်လာနိုင်အောင် မိမိ လက်ထက်မှာ အထူးဦးစားပေး လုပ်ဆောင်ပေးသွားမယ်ဆိုပြီး ပြင်သစ်သမ္မတသစ် အီမန်နျူရယ် မက်ခရွန်က ကတိပေးပြောကြားလိုက်ပါတယ်။

(more…)


ခေတ်မီ ရေငုပ်သင်္ဘော အသစ်နှစ်စီး ဝယ်ယူမည်ဟု စင်ကာပူရေတပ် အတည်ပြု

ခေတ်မီ ရေငုပ်သင်္ဘောအသစ် နှစ်စီးကို အားဖြည့် ဝယ်ယူသွားမည်ဟု စင်ကာပူရေတပ်က အတည်ပြု လိုက်သည်။

 

(more…)


ဒူတာတေးအား စွပ်စွဲပြစ်တင်သည့် အဆိုအား ပါလီမန် ပယ်ချ

တရားလက်မဲ့သတ်ဖြတ်ခြင်းများနှင့် အခြားပြစ်မှုများဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား စွပ်စွဲပြစ်တင်ရေး အဆိုကို ပါလီမန်က မေ ၁၅ ရက်တွင် ပယ်ချသည်။

 

(more…)


ရုရှထံ အထူးသတင်းအချက်အလက်များ ဖောက်သည်ချခဲ့သည်ဆိုကာ ဒေါ်နယ်ထရမ့် ထိုးနှက်ခံနေရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှနိုင်ငံခြားရေးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ဆုံစဉ် စီစဉ် ထားသော အိုင်အက်စ်စစ်ဆင်ရေးနှင့် ပတ်သက်ပြီး အထူးသတင်းများ ဖော်သည်ချ ခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် နီးစပ်သည့် အမေရိကန်အရာရှိနှစ်ဦးက မေ ၁၅ ရက်တွင် ပြောသည်။

(more…)


ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံး ဆိုင်ဘာတိုက်ခိုက်မှုတွင် ရုရှမပါဝင်ဟု ပူတင်ငြင်းဆို

နိုင်ငံပေါင်း ၁၅၀ ကျော် ကြုံတွေ့လိုက်ရသည့် ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံး ဆိုင်ဘာတိုက်ခိုက်မှုကြီးကို ဆိုင်ဘာ လုံခြုံရေးတာဝန်ရှိသူများ၏ တုံ့ပြန်ဆောင်ရွက်မှုကြောင့် ဥရောပ၌ အဆင့်လျှော့ကျသွားပြီဖြစ်သော်လည်း စိုးရိမ်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။

(more…)


အမျိုးအစားသစ် ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ကြေညာ

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒုံးကျည်ပစ်လွှတ်မှုသည် အမျိုးအစားသစ် ဒုံးကျည်တစ်မျိုး စမ်းသပ်ခြင်းဟု မြောက်ကိုရီးယားက ကြေညာလိုက်သည်။

(more…)


(B&R Forum) ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ တွင် တရုတ် နှင့် ကုလသမဂ္ဂ ပူးပေါင်ဆောင်ရွက်မှု တိုးမြှင့်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးကော်ဆိမ်ခွန်း (Guo Shengkun) က ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက တိုးမြှင့်သွား မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

(more…)


လတ်ဗီးယား စွန့်စားသူက ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လေယာဉ်နှင့် ဒိုင်ဗင်စွန့်စားမှုပြုလုပ်

စွမ်းအားမြင့် မောင်းသူမဲ့လေယာဉ်ငယ်က ဝေဟင်ဒိုင်ဗင်ထိုးသူတစ်ဦးကို မ,တင်သွားခဲ့ပြီးနောက် အဆိုပါ စွန့်စားသူသည် ဝေဟင်မှမြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ကမ္ဘာတွင် ပထမဆုံးဖြစ်ကြောင်း လတ်ဗီးယားနည်းပညာ ကုမ္ပဏီတစ်ခုက ပြောကြားခဲ့သည်။

(more…)