မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀ါဆိုလပြည့်နေ့ အခါသမယတွင် အာရုံဆွမ်း ဆက်ကပ်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ဇူလိုင်လ (၁၉) ရက် (၀ါဆိုလပြည့်နေ့)့ နံနက်ပိုင်းက မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

Myein2

(more…)


ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းကပ်လှူ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗဟန်းမြို့နယ်ရှိ တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ဇူလိုင်လ (၁၇) ရက်နေ့ နံနက် ၁ဝ နာရီတွင် (၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ကပ်လှူသည်။ 

YGN Waso

(more…)


တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကို ဇူလိုင်လ (၁၆) ရက် နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ရပ်စည်း ရပ်/ကျေး ပ-ဒု စည်းမှူးများ၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြသည်။

TaNine2

(more…)


ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ သစ်ပင်စိုက်ပွဲပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီသည် ယခုလ ၁၆ ရက် နံနက် ၈နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၈၇/၆ တွင် သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

Kyauk T aKhar

(more…)


မုဒုံပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက် (၇) နာရီအချိန်က ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ အား လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအလေးပြုခဲ့ကြသည်။

13710038_1753370458284096_8696615953696198396_n

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ယခုလ ၁၆ ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ မကွေးခရိုင်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီများ၊ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မကွေးခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရသည့် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ရာနှုန်းပြည့် ၅ဝ ခန့် တက်ရောက်ကြသည်။

13754646_297756693904887_6162947701753182061_n

(more…)


ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်မရခဲ့သည့်ပါတီများ ၂၁ ရာစုပင်လုံ တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်နိုင်ရေး ဆွေးနွေးမည်

၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်မရခဲ့သည့် ပါတီများ ၂၁ ရာစု ပင်လုံညီလာခံသို့ ကိုယ်စားပြု ကာ တက်ရောက်ဆွေးနွေးမည့် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ သတင်းရရှိသည်။ (more…)


လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ကျူးလွန်သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ဓမ္မစက်နှင့် တားမြစ်မရပါက အာဏာစက် ဖြင့် အရေးယူမည်

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ကျူးလွန်သည့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကို ဓမ္မစက်ဖြင့် တားမြစ်ဆောင်ရွက်၍ မရပါက အာဏာစက်ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ (more…)


ဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်

ဝန်ကြီးဌာနများက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူမည့်လုပ်ငန်းများတွင် လုပ်ကိုင်လိုသည့်ကုမ္ပဏီများအား ကန်ထရိုက် မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


မလေးရှားတွင် မြန်မာသုံးဦးကို သတ်ခဲ့သူများနှင့် သက်ဆိုင်သည် ရုပ်သံမှတ်တမ်းများရရှိ

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မြန်မာနိုင်ငံသား သုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆိုင်ကယ်စီးလူအုပ်ကို မဖမ်းမိ သေးသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် ရုပ်သံ (CCTV) မှတ်တမ်း ရရှိထားပြီဖြစ်ကြောင်း မြန်မာသံရုံးက ဇူ လိုင်လ (၁၄) ရက်နေ့က သတင်းထုတ်ပြန်သည်။ (more…)