ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို သြဂုတ် (၁၁) ရက် နံနက် (၈) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းခမ်းမတွင် ကျင်းပပြုလုပ်ရာ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ ပါတီကေဒါများ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ကြသည်။

_DSC1067 _DSC1162

(more…)


နိုင်ငံရေး သဘောတူညီချက် မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ်စာချုပ်များ ပျက်စီးခြင်းတို့၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း တပ်မတော် ကိုယ်စားလှယ် ပြောကြား

နိုင်ငံရေးသဘောတူညီချက်မရခြင်းက ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းနှင့် အပစ်ရပ်စာချုပ်များ ပျက်စီးခြင်းတို့၏ အဓိကအကြောင်းရင်းဖြစ်၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီးကြောင်း သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီတို့၏ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲတွင် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။ (more…)


၂၁ရာစု ပင်လုံညီလာခံသို့ ရွေးကောက်ပွဲမနိုင်သော နိုင်ငံရေးပါတီများမှ ငါးဦးတက်ရောက်ခွင့်ပြုမည်

၂၁ရာစု ပင်လုံညီလာခံအစည်းအဝေးသို့ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နေရာမှ အနိုင်ရခြင်းမရှိသော နိုင်ငံရေး ပါတီများအတွက် ကိုယ်စားပြု ငါးဦး တက်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ထံမှ သိရသည်။ (more…)


အစိုးရသစ်လက်ထက် ပထမလေးလတာ ကာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်ပြ

အစိုးရသစ်သက်တမ်း လေးလတာကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန် ချက်အရ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း သိရသည်။ (more…)


၂၁ ရာစုပင်လုံသို့ ‘၀’ နှင့် ‘မိုင်းလား’ အဖွဲ့များ တက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံသို့ ‘၀’နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


၂၀၁၆ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များ ပညာရေးမှူးရုံးများသို့ စတင်ဖြန့်ဝေ

၂၀၁၆ တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်စာအုပ်များကို ဝေးလံသည့်ဒေသများရှိ ပညာရေးမှူးရုံးများသို့ စတင်ဖြန့်ဝေ နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ သြဂုတ် ၁၂ ရက် နောက်ဆုံးထား၍ ဖြန့်ဝေမည်ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ သတင်းရရှိသည်။ (more…)


မြန်မာ့ဒီမိုကရေစီနေ့ သတ်မှတ်ရေး ယခုလ တတိယပတ်တွင် ဆွေးနွေးမည်

သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးရေးနှင့်ပတ်သက်၍ ယခုလ တတိယ ပတ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း (၂၈)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။ (more…)


အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းအား တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး H.E Mr. Song Tan နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း ဦးဆောင်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး    H.E Mr. Song tan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ယနေ့ (၁၂- ၈ -၂၀၁၆) နံနက်ပိုင်း (၁၁၀၀) ချိန်မှ (၁၂၁၅) ချိန်ထိ နေပြည်တော် မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံခဲ့ပါသည်။

13987408_416514465190353_6270765382280401091_o

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေး ဌာန ဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဌာနဝန်ကြီး H.E.Mr.Song Tao ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ (၁၁) ရက် ညနေ ၅နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံသည်။

_DSC1376

(more…)


မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပင်းအိုကျေးရွာအုပ်စု ပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံ

တနင်္သာရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင် ၊
မြိတ်မြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ရပ်/ကျေးအမာခံပါတီဝင်များ စုစည်း/ဖွဲ့စည်းထား ရှိမှု အခြေအနေနှင့် ပါတီဝင်များ၏ပြည်သူ့အကျိုးပြု လုပ်ငန်း များဆောင်ရွက်နိုင်ရေး ၊ဒေသခံများ၏ အခက်အခဲ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဖြေရှင်း ဆောင်ရွက်ပေး နိုင်ရေးအတွက်ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ
မြိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် ကော်မ တီဝင်များအဖွဲ့ သည်ြသဂုတ်လ ၁၁ရက်နေ့လည်ပိုင်းတွင်
ပင်းအိုကျေးရွာအုပ်စု ပါတီရုံးခန်းသို့ သွားရောက်ကြပြီး ကျေးရွာ ပါတီစည်းရုံးရေးမှူးနှင့် ပါတီဝင်များ အားတွေ့ဆုံ
ကာ ပါတီဝင်အင်အားများကိုစနစ်တကျဖွဲ့စည်းထားရှိ မှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ ဆိုင်ရာကိစ္စရပ်များကို ညှိနိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။