သံတွဲပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် (၈) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပါတီကော်မတီဝင် (မြို့နယ်တာဝန်ခံ)ဦးတင်မောင်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ပါတီ ဥက္ကဌဦးစန်းနိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ရွှေ၊ ဘဏ္ဍာရေးမှူးဦးရဲမြင့်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ အရန်ပါတီ ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား (၅၄)ဦး တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တွင်းရှိ မြို့နယ်ပါတီကော်မတီဝင် များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ပါတီရုံး၌ စက်တင် ဘာလ (၈) ရက် မွန်းလွဲ (၁) နာရီခွဲက မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြို့နယ်ဥက္ကဋ္ဌအသီးသီးမှ တင်ပြလာသော မြို့နယ်ပါတီ ရေးရာကိစ္စများကို မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ဖြည့်စွက်ရှင်းလင်းခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ သံတွဲမြို့နယ်ရှိ သက်ကြီး ဘိုးဘွားများအား ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် နာယကအဖြစ် ဖွဲ့စည်း တည်ထောင် ထားသည့် ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အသက်(၁၀၀)နှင့်အထက် အဖိုးအဘွားများအား အလှူငွေများ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ သံတွဲမြို့နယအတွင်းရှိ သက်ကြီး ဘိုးဘွား (၆) ဦးအတွက် လှူဒါန်းသည့် အလှူငွေ တစ်ဦးလျှင် (၂)သိန်းကျပ်နှင့် လှူဖွယ်ပစ္စည်းများကို ဖေါင်ဒေးရှင်းကိုယ်စား သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစန်းနိုင်၊ ဘဏ္ဍာရေးမှူးဦးရဲမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ သံတွဲမြို့နယ်အတွင်းရှိ အဘိုးအဘွား (၆)ဦးအား စက်တင်ဘာလ (၈) ရက် နံနက် (၈) နာရီအချိန်က အိမ်တိုင်ရွာရောက် သွားရောက်၍ လှူဒါန်း ခဲ့ကြကြောင်း သိရသည်

ပုသိမ်ခရိုင်ပါတီကော်မတီဝင်များနှင့် ကျုံပျော်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုသိမ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သော ခရိုင်ပါတီကော်မတီဝင်များ နှင့် ကျုံပျော်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တွေ့ဆုံ ပွဲကို စက်တင်ဘာလ (၇) ရက်နေ့က ကျုံပျော်မြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံရာတွင် ပါတီ၏စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ မုဒုံမြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမ၌ စက်တင်ဘာ (၈) ရက်နေ့ နေ့လည် (၁၁) နာရီမှစတင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံခဲ့သည်။

ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ကြီး ဦးသန်းဌေး နှင့် အဖွဲ့သည် ယနေ့ (၉ ၉ ၂၀၁၆) နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်များထံ လှူဖွယ်ဝထ္တု အစုစုကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။


ပုဇွန်တောင်တွင်အသက် ၁ဝဝ ကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းက အလှူငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ်တွင် စက်တင်ဘာလ (၈) ရက် မွန်းလွဲ ၁နာရီခွဲက အမှတ်(၁၄) ခြောက်လွှာ၊ နေကြာလမ်း၊ အမှတ်(၂)ရပ် ကွက်၊ ပုဇွန်တောင်မြို့နယ် တွင် နေ ထိုင်သူအဘိုးဦးမောင်ထွေး၊အသက် (၁ဝ၁)နှစ်နှင့်အမှတ်(၆၄)ရေကျော် လမ်းမကြီး အမှတ်(၇)ရပ်ကွက် တွင်နေထိုင်သောအဘွားဒေါ်လှတင် တို့အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ၊ငြိမ်း) နာယက အဖြစ် ဖွဲ့စည်း တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ် နှစ်သိန်း နှင့် လှူဖွယ်ဝတ္တုများကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ပုဇွန်တောင် မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ပုဂံ-ညောင်ဦးတွင် လုပ်အားပေးနေသောပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ တွေ့ဆုံအားပေး စေတီများပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စူဠာမဏိစေတီနှင့် တဘက်ကျစေတီတို့အပါအဝင် ပုဂံ-ညောင်ဦးမှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြုနေသော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို စက်တင်ဘာလ (၈) ရက် နံနက် ၁ဝနာရီခွဲက တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချချိန်တွင် ကျပ် ၂၀၀ ထီကို ဆုကြေးမပြောင်းဘဲ စောင်ရေလျှော့ချမည်

378085_741167477452_18100422_37228505_884004062_n

ကျပ်ငါးရာတန် ထီလက်မှတ်များကို ၂၀၁၇ မတ်လတွင် စတင်ရောင်းချမည်ဖြစ်သည်။ ကျပ် ၅၀၀ တန်ထီဖွင့် လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေ သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထီကိုယ်စားလှယ်များနှင့် ထီကံစမ်းလိုသူများသည်၂၀၁၇ ဧပြီတွင် ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှု များနေသောကြောင့် အဆိုပါထီ စတင်ရောင်းချ သည့် လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ် ဖြန့်ဖြူးထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။