မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများရရှိရေးမှာ လွန်စွာအရေးကြီး

မြန်မာပြည်သူများ၊ ကမ္ဘာပြည်သူများအားလုံး မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများ ရရှိစေလိုကြောင်း၊ မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများရရှိရေးမှာ လွန်စွာအရေးကြီးပြီး ယင်းသို့မရရှိခြင်းကြောင့် ကမ္ဘာ တည်ငြိမ်မှုပျက်ပြားနေရသည်ဟု ယူဆပါကြောင်း၊ အသိမှားသွားပါက ဆုံးဖြတ်ချက်မှားသွားနိုင်သဖြင့် တပ်မတော် သားများကိုလည်း မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများပေးနိုင်ရေး အလေးထား ဆောင်ရွက်နေ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီ၌ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် ဝါရှင်တန်ဒီစီ VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး Ms. Amada Bennett ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

new-picture

(more…)


ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ကျေးလက်သောက်သုံးရေရရှိရေးနှင့် နွမ်းပါးကျောင်းသားများအား ထောက်ပံ့ ပေးအပ်မှု များပြုလုပ်

နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ပေးအပ်သော ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ (ပဉ္စမတန်း) ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ ၄ဝ တို့အား တစ်ဦးလျှင် တန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်ရှိ စာရေးကိရိယာ၊ကျောင်း သုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၇ နာရီမှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျောင်းသားကျောင်းသူများရှိရာသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ya-za-thin-ga-ha

(more…)


ဒီမိုကရေစီတွင် ပြည်သူ၏ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကြံခင်းပါတီရုံးခန်းမတွင် ကျင်းပ

ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်းဖွင့်လှစ်သော ဒီမိုကရေစီတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို အောကိတိုဘာလ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် မြို့နယ်ပါတီရုံးစုဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

kyan-khin

(more…)


မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့်အိမ်များကို ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေသန့်နှင့် ပစ္စည်းများပေးအပ်

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီ ကော်မတီဝင် များသည် မိုးရွာသွန်းမှုကြောင့် နေအိမ်ခြံဝင်းအတွင်း ရေဝင်ရောက်ခဲ့သည့် ဆုံတွင်းကျေးရွာ အုပ်စုချောင်းတောင် ကျေးရွာ၊ဥယျာဉ် ကျေးရွာနှင့် ကုက္ကိုပင်ကျေးရွာများကို ယခုလ ၇ ရက်က သောက်ရေသန့်နှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ma-hlaing

(more…)


ရခိုင်တွင် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ရိက္ခာခြောက်များ ပေးပို့လှူဒါန်းရန်စီစဉ်

 13081804_1136480829709399_320826700_n

ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများအတွက် တောင်တွင်းကြီး မြို့လူငယ်များ စုပေါင်းကာ စားသောက် ရိက္ခာခြောက်များ ပေးပို့ လှူဒါန်း မည်ဖြစ်ကြောင်း  သတင်းရရှိ သည်။

လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း

လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် အောက်တိုဘာ (၇) ရက် မွန်းတည့် ၁၂ နာရီတွင် နွားလဝိုးကျေးရွာ အုပ်စုရှိ ပဒါးညေးကျေးရွာနှင့် လယ်ထွဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဒေသခံများနှင့် တွေ့ဆုံကြသည်။

kayah (more…)


UNA က တိုင်းရင်းသားပါတီသုံးခုကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံအတည်ပြု

14625468_1085091328278218_742245383_n

၂၅နှစ်ကျော်သက်တမ်းရှိသည့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)က အဖွဲ့ဝင်သစ် အဖြစ် တိုင်းရင်းသားပါတီသုံးခုကို အ တည်ပြု လက်ခံ ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၅ရက် က ရန်ကုန်မြို့တွင် ပြုလုပ်သော UNA အဖွဲ့ဝင်ပါတီများ၏ အစည်းအဝေး၌ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်း တိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်း မျိုးနွယ်စုများသွေးစည်းညီညွတ် ရေးပါတီတို့ကို အဖွဲ့ဝင်သစ် အဖြစ်လက်ခံခြင်းဖြစ်သည်။

မင်းဘူးခရိုင်ပါတီ လူငယ်ရေးရာဆွေးနွေးပွဲပြုလုပ်

14572888_180219159088770_7611523144156923045_n

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာဆွေးနွေးပွဲကို အောက်တိုဘာ (၇) ရက်နေ့က  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဆန်းညွန့်အောင်နှင့် ကော်မတီဝင် ဦးစောဝင်းမောင် ဦးကျော်သူဦးနှင့် မင်းဘူးခရိုင်ဥက္ကဌ နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ မြို့တယ်ပါတီဥက္ကဌများနှင့် လူငယ် တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုင်းဘုရင်နတ်ရွာစံခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ထိုင်းသံရုံးတွင် ထိုင်းလူမျိုးများက ဆုတောင်းဝတ်ပြု

13081804_1136480829709399_320826700_n

ထိုင်းဘုရင် ဘူမိဘောနတ်ရွာစံခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အောက်တို ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ မြန်မာနိုင်ငံရောက် ထိုင်းလူမျိုး များက ဆုတောင်းဝတ် ပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်ကစ၍ မြန်မာ နိုင်ငံရောက် ထိုင်းလူမျိုးများရာနှင့်ချီ၍ ထိုင်းသံရုံးသို့ လာရောက်ပြီး ထိုင်းဘုရင်၏ ရုပ်ပုံလွှာကိုဂါရဝပြုခြင်း၊ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းနှင့် ထိုင်းဘုန်းကြီးများထံမှ တရားနာယူခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ဇေယျာသီရိမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု

u-hla-htay-win

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် အောက်တိုဘာ (၇) ရက် မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုး တိုးတက်မှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ (more…)