ကျိုက်ထို ပြည်ခိုင်ဖြိုးပါတီမှ ရွှေဘုံသာဘုရားဝန်းကျင် သန့်ရှင်းရေး ပြုလုပ်

14962569_1692425697736611_1798014758318362269_n

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ အမျိုးသ္မီးရေးရာတို့ ပူးပေါင်းကာ နိုဝင်ဘာလ(၂)ရက်နေ့က ကျိုက်ထိုမြို့နယ် ရွှေဘုံသာဘုရားဝန်းကျင် အတွင်းရှိ မြက်ပင်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းများဖြင့် သန့်ရှင်းရေးပြုလုပ်ကာ စုပေါင်း ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။

# ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ

ကျောင်းကုန်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်း ဖွင့်ပွဲကျင်းပ

14908212_352089695145583_5829513152308085580_n

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ဖုန်းဆိုးကျေးရွာအုပ်စု ဖုန်းဆိုးကျေးရွာ ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၃) ရက်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့မိမြို့ဖ ဦးတင်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် နယ်မြေတာဝန်ခံ ဦးမျိုးသီဟတို့ တက်ရောက်ဖွင့်လှစ် အားပေးခဲ့ကြ ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပါတီဝင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အစည်းအဝေး ခန်းမ၌ အောက်တိုဘာ (၂၆) ရက် နံနက် ၉ နာရီက ပါတီဗဟိုအလုပ်အမှုဆောင် (နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာတာဝန်ခံ) ဦးအောင်ထွန်းက တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ (၂၁) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

14925490_449371288571337_5650134962356281197_n

(more…)


ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီဝင်များအားတွေ့ဆုံ

41545027-01112016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စည်းရုံးရေးနယ်မြေသို့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂ဝ တွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်း ပါတီကော်မတီဥက္ကဋ္ဌဦးခင်မောင် စိုးရောက်လာပြီး မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ၃၂ ခုမှ အဖွဲ့ခေါင်းဆောင်များနှင့် ပါတီကော်မတီဝင်များအား တွေ့ဆုံ၍ လမ်းညွှန်မှာ ကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုလံဘီယာသမ္မတဟောင်းအား လက်ခံတွေ့ဆုံ

 14947653_449488268559639_6011818488978331906_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကိုလံဘီယာသမ္မတ နိုင်ငံမှ သမ္မတဟောင်း H.E.Mr. Andres Pastrana အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ရက်နေ့ ညနေ ၄နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ရှင်သန်ဖြစ်ထွန်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Bullet ဂျာနယ် ထုတ်ဝေသူ ဦးလှဆွေမှ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီ အား “အတိုက်အခံဆိုတဲ့ Definition ကို ဘယ်လိုဖွင့်ဆိုမလဲ။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အခု ပုဂံဘုရားတွေ လုပ်အားပေးတာတို့ ရေကြီးရေလျှံ တာလုပ်အားပေးတာတို့လောက်ပဲ လုပ်မှာလား။ လူမှုရေးပဲအားသန်ပြီး လုပ်တော့မှာလား၊ နိုင်ငံရေးအားဖြင့်ရော အတိုက်အခံအနေနဲ့ ဘယ်လိုရပ်တည်သွားမလဲဆိုတာ သိပါရစေ” ဟု မေးမြန်းချက်အား ဦးခင်ရီမှ ပြန်လည် ဖြေကြားချက်

တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေမှာတော့ နှစ်ပိုင်းရှိတယ်။ လက်ရှိအာဏာရပါတီ Ruling Party ခေါ်တာပေါ့။ အတိုက်အခံပါတီ Opposite Party ခေါ်တာပေါ့။ အဲတော့ Opposite အတိုက်အခံရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ အဘိဓာန်တွေမှာ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်း ဒီလိုခေါ်တာပေါ။ ကျွန်တော်တို့ရဲ့ အတိုက်အခံကျတော့ ကျွန်တော်တို့ပါတီကတော့ လက်ရှိအတိုက်အခံပါတီအနေနဲ့ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့ရဲ့ အတိုက်အခံပါတီကျတော့ အရာအားလုံးကို လိုက်ပြီးတော့ ဆန့်ကျင်တာမဟုတ်ဘူး။ သူလုပ်သမှ၊ အာဏာရပါတီလုပ်သမျှ မကောင်းမြင်တဲ့စိတ်နဲ့ အရာအားလုံးကို ဆန့်ကျင်နေမှာမဟုတ်ဘူး။ တူရာတူရာ ကောင်းတာဆို ကျွန်တော်တို့အားပေးမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ မတူတာတွေရှိမယ်။ နိုင်ငံအတွက် အကျိုး မပြုတာတွေရှိမယ်။ သွေဖည်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်မယ့်လုပ်ငန်းစဉ်တွေ ရှိတယ်။

13259995_1772449556299849_4056879731612638617_n

(more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ပြည်ခိုင်ဖြိုးပါတီ ဝင်ပြိုင်မည်

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ပြောသည်။

tin4

(more…)


ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်၍ အဖွင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

14680546_562974467233627_7269736717729666228_n

(more…)


NLD အစိုးရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ဦးခွန်ထွန်းဦး ပြောကြား

ပြည်သူရွေးချယ်ပေးသော NLD ပါတီ အစိုးရအဖွဲ့သည် ယနေ့အချိန်ထိ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

5nrn0g

(more…)