ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို KNU ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက်မည်ဟု ဦးသန်းရွှေက ပြောကြားခဲ့ဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့သည် နေပြည်တော်တွင်ရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (more…)


အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အကျုံးဝင်သည့် လူမျိုးအလိုက်နှင့် ဒေသဆိုင်ရာအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ပြင်ဆင်

မှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ပြင်ဆင်လျက်ရှိကြောင်း CSSU အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။ (more…)


တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့များ၏ တပ်ဖွဲ့ဝင်များ ပူးပေါင်းနယ်လှည့်ခြင်း ၂၀၁၇ နှစ်ဆန်းတွင် ပြုလုပ်မည်

တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းနယ်လှည့်ခြင်းကို ၂၀၁၇ မှစတင်၍ ပထမဆုံး အကြိမ်လုပ်ဆောင်မည်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။ (more…)


တကောင်းမြို့ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ta-kaung2

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ နိုဝင်ဘာ (၂၃) ရက်က ကျင်းပပြုလုပ်သော ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်နိုင်ဦး သပိတ်ကျင်းမြို့နယ် ပါတီ ဥက္ကဌ ဦးထွန်းတင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြပြီး ညနေ (၄) နာရီအချိန်တွင် ဆွေးနွေးပွဲ  ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၃) ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

15171303_576328952564845_6479305084424428025_n

(more…)


ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အမျိုးသားခေတ်သစ်သင်တန်းကျောင်းမှ သင်တန်းဆရာများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

မော်လမြိုင်မြို့၌ ဖွင့်လှစ်ထားရှိသော အမျိုးသားခေတ်သစ် သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအပါအဝင် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ သည် နိုဝင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လေ့လာရေးလာရောက်ခဲ့ကြသည်။

dr-aung-myat-oo

(more…)


ကန့်ဘလူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းစိန်၊ အတွင်းရေးမှူး ဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခုလ (၂၅) ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့ရာ အင်အား ၆ဝ တက်ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၁၁/၂၀၁၆) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်အချို့

15135938_457901814384951_6626069668633940459_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြီုးရေးပါတီသည်-

(more…)


ပါတီလုပ်ငန်းနှင့် စည်းရုံးရေးလုပ်ငန်းများ စွမ်းရည်မြှင့်တင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) နတ်တလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီ ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ (၂၆) ရက် နံနက် (၈) နာရီက ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များက မြို့နယ်ပါတီ၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေရေးဆွဲနိုင်ခြင်းမရှိသေး

အစိုးရသစ်လက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် လုပ်ငန်း အတွေ့အကြုံနည်းပြီး လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံမှု မရှိသေးသည့် အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ရေးဆွဲနိုင်ခြင်းမရှိသေးကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောကြားလိုက်သည်။

sai-mk

ဒေါက်တာစိုင်းမောက်ခမ်း မှ မေးမြန်းစဉ်

(more…)