အထက (၁) ကျောင်းပညာရည်ချွန်ဆုပေးပွဲ သံတွဲပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ တက်ရောက်ချီးမြှင့်

နိုဝင်ဘာ (၂၁) ရက် နံနက် (၁၁) နာရီအချိန်ကကျင်းပပြုလုပ်သည့် သံတွဲမြို့နယ် အထက(၁)ကျောင်း ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားသို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ် ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်၍ တက္ကသိုလ်ဝင်တန်း ဝိပ္ပံတွဲပထမ၊ ဒုတိယ၊ တတိယဆုနှင့် ကျောင်းတွင်း ထူးချွန်ဆုများကို ပါတီမှချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် အမ်းမဲဆန္ဒနယ်မှ အရွေးခံမည်

၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် အမ်းမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်နေရာတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ဗဟိုကော်မတီနှင့် ဒေသခံများက ရွေးချယ်ခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။ (more…)


ပြင်သစ်-မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှုပွဲတော်ကာလ ရန်ကုန်မြို့တွင်း လမ်းအချို့ကို အချိန်ပိုင်းပိတ်မည်

13081804_1136480829709399_320826700_n

ပြင်သစ်-မြန်မာချစ် ကြည်ရေးယဉ်ကျေးမှုပွဲတော် ကျင်းပမည်ဖြစ်၍  ဒီဇင်ဘာ ၃ရက် နှင့် ၄ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ပြည်လမ်းအပါအ၀င် လမ်းမကြီးအချို့ကို အချိန်ပိုင်း ပိတ်ထား မည်ဖြစ်ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။

ပြင်သစ်-မြန်မာချစ်ကြည် ရေး (၅၅)နှစ်မြောက် ‘‘မင်္ဂလာပါ’’ ယဉ်ကျေးမှုပွဲတော်ကျင်းပနေစဉ် ကာလတွင် ဒီဇင်ဘာ ၃ရက် နေ့ လယ် ၁၂နာရီမှ ည ၁၀နာရီအထိ မဟာဗန္ဓုလလမ်းကို ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအ ထိလမ်းပိတ်ထားမည်ဖြစ်သည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းသည် တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစီမံရေးရာ ပြည်/ရွှေတောင် တာဝန်ခံ ဦးမျိုးအောင်နှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ် ပါတီကော်မတီဝင်များ၊ အမာခံကေဒါများနှင့် နိုဝင်ဘာ (၂၄) ရက် နံနက်က တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၃ နာရီ ပြည်မြို့ရှိ မြို့နယ်ပါတီကော်မတီဝင်များ၊ ၆၉ အုပ်စု စည်းရုံးရေးမှူး၊ အမှုဆောင်များအား တစ်ဦးချင်း တွေ့ဆုံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်နေရာများအတွက် NDF ထုတ်ပြန်

၂၀၁၇၊ ဧပြီလ၊ ကြားဖြတ်ရွေးကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက နိုဝင်ဘာ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ NLD ထုတ်ပြန်

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။ (more…)


ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ သာပေါင်း၊ ကန်ကြီးဒေါင့်မြို့နယ် ကော်မတီဝင် များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ခရိုင် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၆) ရက် နံနက် ၉နာရီတွင် သာပေါင်းမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ မွန်းလွဲ ၂နာရီတွင် ကန်ကြီးဒေါင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအဖွဲ့ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက် မြို့နယ် အမာခံကေဒါ များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ (၂၆) ရက် မွန်းလွဲ ၁၂ နာရီခွဲ က ကြို့ပင်ကောက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ကြို့ပင်ကောက်မြို့နယ် အမာခံကေဒါ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ရေးရာကဏ္ဍ အသီးသီးတို့ကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပထမအကြိမ် (၂+၂ ) အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်

15193540_604275253106107_8640586088206632351_n 15167734_604275249772774_990848409903588533_o 

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်ပသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ “ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲ” နှင့် ပတ်သက်သည့် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် (မြန်မာ+အင်္ဂလိပ်) ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

(more…)


ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာပါတီ၏ ထောက်ခံချက်လိုအပ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာ ပါတီ ဌာနချုပ်၏ ထောက်ခံချက်ကိုပါ ပူးတွဲတင်ပြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။ (more…)