တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများ၏ အဖြေလွှာများကို ပြန်လည်စစ်ဆေးပေးစေလိုပါက စာစစ်ဌာန သို့ တင်ပြနိုင်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူ ကျောင်းသားများ၏ ရမှတ်ကွဲလွဲမှုရှိကြောင်း ယူဆပါက ပြန်လည်စစ်ဆေးပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်ပြနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။

(more…)


၂၁ ရာစုပင်လုံညီလာခံအတွက် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပြင်ဆင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် နိုင်ငံရေးမူဘောင်တစ်ခုတင် ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ရန်ကုန်မြို့၌ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သန်လျင်မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက် အားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ ဇွန်လ (၃၀) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည့် မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးလွင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ သန်လျင်မြို့နယ်ပါတီ အတွင်းရေးမှူးဦးကျော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာ(၄၅)ခုမှ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

13532894_835285473271533_387956805998832892_n 13516655_835163573283723_693140716709827680_n

(more…)


ရသေ့တောင်မြို့နယ် ကျေးရွာစာသင်ကျောင်းသို့ သွပ်များလှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေကျော်အောင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယနေ့ ( ဇူလိုင်လ ၁ရက် ) နံနက် (၉) အချိန်က သမီးလှသစ်ကျေးရွာ စာသင်ကျောင်း၌ ရပ်မိ/ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ နှင့် သွပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

13567067_401054176736382_6065193538977517673_n

(more…)


မရမ်းကုန်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

MYK4

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမင်းသိမ်းထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇော်မင်းဦး၊ မြို့နယ်ပါတီကော်မတီဝင် ဒေါက်တာ ထူးမြတ်တို့ ဦးဆောင် သော ရပ်ကွက်စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့ (ဇူလိုင်လ ၁ ရက်) နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဝါခိုင်လမ်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို လမ်းသူလမ်းသား များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မဘိမ်းပြည်ခိုင်ဖြိုး အမျိုးသမီးရေးရာအဖွဲ့ ကလေးငယ်များအတွက် အဟာရဒါနပြု

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ မဘိမ်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ခေါင်းဆောင် ဒေါ်စိုးခင်နှင့် အဖွဲ့ဝင် များသည် ယနေ့ ( ဇူလိုင်လ ၁ ရက်) နံနက် (၉)နာရီအချိန်က ဘဟဲကျေးရွာရှိ နေ့ကလေးထိန်း ကျောင်းရှိ ကလေးငယ် (၄၇) ဦးအားလည်းကောင်း၊ ပွေးတူးအမကရှိ ကျောင်းသား ကျောင်းသူ (၇၈) ဦးတို့အားလည်းကောင်း အခ်ျိုရည်နှင့် ကိတ်မုန့်များ အဟာရဒါနပြု သွားရောက်ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

ရေတာရှည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

13529182_472694316270766_1792571135383150445_n

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဇွန်လ (၂၉) ရက် နံနက်က မြို့နယ်အဆင့် မျက်နှာစုံညီရွေးချယ်ပွဲအပြီး ပထမဦးစွာ ပြုလုပ်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံမြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ၍ ပါတီ၏ ရှေ့လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Usdp Yedashe

သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးကို ဇွန်လ (၃၀) ရက် နံနက် (၈) နာရီ (၄၅) မိနစ် အချိန်မှ ညနေ (၅) နာရီအချိန်အထိ သံတွဲခရိုင်ပါတီရုံးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

13557940_401019173406549_6451692668901543023_n

(more…)


ပြည်သူများကပါတီကိုပြုပြင်ပြောင်းလဲမှုလိုလားမျှော်လင့်နေကြ ပြီဖြစ်သဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးပါတီဥက္ကဋ္ဌပြောကြား

ပြည်သူများက ပါတီကိုပြုပြင် ပြောင်းလဲမှု လိုလားမျှော်လင့်နေ ကြပြီဖြစ်သဖြင့် ပြန်လည်ပြုပြင် ခြင်းဖြစ်ကြောင်း ဇွန် ၂၈ရက်နံနက် ၁ဝနာရီတွင် ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမတွင် မြို့နယ်ပါတီမျက်နှာစုံ ညီအစည်းအဝေးနှင့် ပြင်ဆင်ဖွဲ့ စည်းခြင်းအခမ်းအနား၌ တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသာအေး က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

13089681-30062016

(more…)


မအူပင်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏မျက်နှာစုံညီအစည်းအဝေး နှင့် ရွေးချယ်ဖွဲ့စည်းရေး အခမ်း အနားကို ဇွန် ၂၆ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂နာရီအထိ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမျိုးဆက် အားမာန်ခန်းမတွင်ကျင်းပသည်။

13423872_395401823968284_1024692218516616870_n

(more…)