သန်လျင်၊ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံမီးလောင်မှု Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်(A)၌ ဧပြီ ၁၇ ရက်၊ ညနေ ၅နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမီးလောင်မှုမှာ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စစ်​​ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာနှင့် တောင်စွန်းကျေးရွာတို့တွင် ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဝနှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

အကျဉ်းသား/သူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကျဉ်းသား/အကျဉ်းသူ ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ လည်းကောင်း အခုလို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြု လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အွန်လိုင်းမှာ တရားမဝင်ပညာသင်ကြားနေပြီး PDF ကို ထောက်ပံ့နေတဲ့ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံနဲ့ ဆရာ၊ဆရာမ ၁၅ ဦးကို နစက ဖမ်းဆီး

မန္တလေး   ဧပြီ – ၅

အွန်လိုင်းမှာ တရားမဝင်ပညာသင်ကြားနေပြီး PDF ကို ထောက်ပံ့နေတဲ့ Federal School of Aung Myay Thar Zan လို့ အမည်ရတဲ့  ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံနဲ့ ဆရာဆရာမ  ၁၅ ဦးကို  နစက က ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လင်းခေးမြို့ကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခတ် ၊ ဧပြီလအတွင်း ပထမဆုံးအကြိမ်အဖြစ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့ကို ဗဟိုပြု၍ အ င်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့  ဧပြီလ (၆) ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်လေဆိပ်တွင် Grab တက္ကစီဝန်ဆောင်မှု စတင်ပြေးဆွဲ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ ခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ခရီးသွားလာမှုအတွက် Grab Airport Taxi  ဝန်ဆောင်မှုကို ဧပြီ ၃ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးလျက်ရှိပြီဖြစ်ကြောင်း Yangon International Airport မှ သိရသည်။

ထိုင်းနိုင်ငံ၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကို ယခုလဧပြီ ၁၂ ရက်အထိဆောင်ရွက်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးက သင်္ကြန်ကာလရုံးပိတ်ရက်အား ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းအား (ဧပြီ ၁၂ ရက်) အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အပတ်စဉ် စနေနေ့တိုင်း ပုံမှန်ဆောင်ရွက်ပေးနေသည့် နိုင်ငံကူးလက်မှတ် ရက်ချိန်း ထုတ်ပေးခြင်းအား ယခုလဧပြီ ၇ ရက်ထိ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အခြားလုပ်ငန်းစဉ်များကို သင်္ကြန်ကာလရုံးပိတ်ရက် ကျော်လွန်မှသာ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကိုဖြန့်ဖြူး‌ရောင်းချမည့် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၂ သိန်းအား လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ

မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကိုဖြန့်ဖြူး‌ရောင်းချမည့် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်းအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သထုံမြို့ရှိ ခရိုင် လဝက အား လူသတ်အကြမ်း ဖက် pdf အဖွဲ့မှ မီးရှို့ဖျက်ဆီး

ဧပြီ ၃ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ရှမ်းစုအလယ်တန်းရှိ သထုံခရိုင် လဝက ရုံးသို့ လူသတ်အကြမ်းဖက် pdf ၄ ဦး မှ မှတ်ပုံတင်ပြုလုပ်ရန်ဟု ပြောပြီး ရုံးထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် ဝန်ထမ်းများအား လက်နက်ဖြင့်ချိန်ရွယ်၍ လက်ကိုင်ဖုန်းများအားသိမ်း ဆည်းကာ စာရွက်စာတမ်းများအား မီးရှို့ထွက်သွားခဲ့ကြောင်း သိရှိရပါသည်။

ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ၁၂၈ ဦး တပ်မတော်ရေမှ ဖမ်းဆီးရမိ

 

ဧပြီ ၂ ရက် နံနက် ၁ နာရီအချိန်တွင် မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်နှင့် ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အမည်မပါရှိသည့် မသင်္ကာစရာ  စက်လှေတစ်စီးအား တပ်မတော်ရေမှ  တက်ရောက်စစ်ဆေးရာ စက်လှေ ဝမ်းဗိုက်ထဲအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီ ကျား ၁၀၂ ဦး၊ မ ၂၀ ဦး၊ ကလေး ကျား၁ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၂၈ ဦး အား သယ်ဆောင်လာကြောင်း စစ်ဆေးဖမ်းဆီးရမိခဲ့သဖြင့် ခိုးဝင်ဘင်္ဂါလီများအား မော်လမြိုင်မြို့ သို့ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ #pan