နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုအခါ ထိုက်သင့် သည့် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ရာတွင် ယခုအခါ ထိုက်သင့် သည့် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မကွေးတိုင်းကြီးဒေသကြီး မြို့တော်ခန်းမ၌ နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်လူ့အဖွဲ့စည်းဖြစ်ရန် တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်အတူ လက်တွဲဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်လူ့အဖွဲ့စည်းဖြစ်ရန် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။ တရုတ်-အာဆီယံဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့်အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က Video Key Note ဖြင့် အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ရွှေတုံးရွှေခဲ ရောင်းချခြင်းနှင့် ရွှေဆိုင်အသစ် ဖွင့်လှစ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူ ၁၀၀ ကျော်ရှိကြောင်းရန်ကုန်ရွှေအသင်း ပြောကြား

ရွှေတုံးရွှေခဲ ရောင်းချခြင်းနှင့် ရွှေဆိုင်အသစ်ဖွင့်လှစ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူ ၁၀၀ ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးမျိုးမြင့်က ပြောကြားသည်။ “ အကုန်လုံးဆို ၁၀၀ ကျော်လောက်ရှိ တယ်။ ရွှေတုံးရွှေခဲ ရောင်းချမယ့်သူရော ရွှေ ဆိုင်အသစ်ဖွင့်မယ့်သူရောပေါ့” ဟု ဦးမျိုးမြင့် က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင် လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင် ဘာလကုန်၌ သက်တမ်းကုန်ဆုံးပြီး လာမည့် နှစ်အတွက် ရွှေလုပ်ငန်းလိုင်စင် သက်တမ်း တိုးခြင်းကိုလည်း ကြိုတင်ဆောင်ရွက် လျက် ရှိ ကြောင်း သိရသည်။

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အကျိုးရှိစေမှုပေါ် မူတည်ပြီး အရှိန်အဟုန် မြှင့် အကောင်အထည်ဖော်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရေး ကိစ္စရပ်များ ဆွေးနွေး

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌သီးခြားစီတွေ့ဆုံ၍ ယဉ်ကျေးမှု၊ ပညာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အဆင့်မြင့် ပညာရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးထံ WHO မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ၎င်း၏ခန့်အပ်လွှာအား ပေးအပ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization – WHO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Representative) အဖြစ် တာဝန် ထမ်းဆောင်မည့် Dr.Thushara Eraj Indranath Fernando နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် လာရောက်ဂါရဝပြုတွေ့ ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် အရသိရသည်။

ရုရှားနိုင်ငံတွင်ကျင်းပသော (၁၂) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ် (၂၀၂၂) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ရုရှားနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် (၁၂) ကြိမ်မြောက် နျူကလီး ယားနည်းပညာအခြေခံ သည့် ဆန်းသစ်တီ ထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022) ဖွင့်ပွဲသို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sirius Park of Science and Art & Sd Atom ခန်းမတွင် ပြုလုပ်သည့်မျက်နှာစုံညီ အစည်းအဝေး (Plenary SeQion) တွင် ‘Nuclear Spring: creating sustainable future’ ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို တက်ရောက်လေ့လာခဲ့ ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ် နှစ်ကြိမ်နှင့် သုံးကြိမ် ထပ်နေသူ ၁၁၀,၀၀၀ ကျော်ကို လျှော့ချနိုင်ခဲ့ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

နိုင်ငံသားစိစစ်ရေးကတ် နှစ်ကြိမ်နှင့် သုံးကြိမ် ထပ်နေသူ ၁၁၀၀၀၀ ကျော် (၁၁၅,၉၆၁ ဦး) ကို လျှော့ချ နိုင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းအစည်းအဝေးတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများ ပြုစုရာတွင် သက်ဆိုင်ရာဌာနများမှ စာရင်းဇယားများနှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း စသည့် ကိစ္စရပ်များတွင်လည်း ယနေ့တက်ရောက်လာသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရဟတ်ယာဉ်ငှားရမ်းခြင်း ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေး

ရဟတ်ယာဉ် ငှားရမ်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် စွဲချက်တင် ထားသည့်အမှုအတွက် ​ဒေါ်​အောင်ဆန်းစုကြည်ကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။ နိုဝင်ဘာ ၂၂ ရက်က နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥ​ပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါ်​အောင်ဆန်းစုကြည် တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။