ပျဉ်းမနားမြို့နယ်ပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၂/၂၀၁၇)နှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲအခမ်းအနားကို (၉-၂-၂၀၁၇) ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ် ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များl ရပ်ကျေး(၃၆)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ကျေးရွှာရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် တောင်သူလယ် သမားရေးရာ ကော်မတီအဖွဲ့ဝင်မျာ၊ ပျဉ်းမနားပါတီ ဥက္ကဌ ဒေါ်ဝင်းသီနှင့် မြို့နယ်/ ရပ်ကျေး ကော်မတီဝင်များနှင့် အတူ ပျဉ်းမနားမြို့နယ် ၊ ဇီးဖြူပင်ကျေးရွှာ အုပ်စု သစ်ဆိမ့်ပင် (ရှေ့) ကျေးရွာရှိ ဆောင်းသီးနှံ မတ်ပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသို့ ဖေဖော်ဝါရီ( ၆) ရက်နေ့က သွားရောက်ကြည့်ရှု့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ စက်ရေတွင်းများလှူဒါန်း

 

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင် သောအစိုးရအဖွဲ့မှ ယခင် သမ္မတ၊ ဒုတိယသမ္မတများနှင့် အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ လစာချီးမြှင့်ငွေများထဲမှ စုဆောင်း ငွေများဖြင့် ဖွဲ့စည်းထားသော ”ရာဇ သင်္ဂဟဖောင်ဒေးရှင်း”မှ ၄ဒဒ စက် ရေတွင်း၊ ရေစုပ်စက်တစ်စုံ၊ ရေဂါ လန် ၁ဝဝဝဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံကာလတန်ဖိုး တစ်တွင်း လျှင် ကျပ်သိန်း ၅ဝတန်ဖိုးခန့်ရှိ စက်ရေတွင်းနှစ်တွင်းတို့ကို ယမန်နေ့ နံနက် ၉နာရီခွဲတွင် ဥတ္တရသီရိ မြို့နယ် မိုးစွေကျေးရွာအုပ်စုလဲဝန်း ကျေးရွာတွင်လည်းကောင်း၊ ¤င်း နောက် ၁၁နာရီခွဲတွင် လယ်ဝေး မြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစု အနောက်ရွာရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းတို့၌ ဖွင့်လှစ် လှူဒါန်းပေးခဲ့သည်။

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ညစာစားပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်ဂုဏ်ပြု

 

(၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော် အဆင့် ညစာစားပွဲကို နိုင်ငံတော် သမ္မတအိမ်တော် ဥပစာမြက်ခင်း ပြင်တွင် ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ ဖိတ်ကြားချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ဂုဏ်ပြု ခဲ့သည်။ အခမ်းအနားကို ညနေ ၆ နာရီတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တို့က ဖိတ်ကြားခံတက်ရောက်လာ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ဧည့်ခံခဲ့သည်။

ပျဉ်းမနားမြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ယနေ့ (၂၃-၁၂-၂၀၁၆)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင် ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစမ်းပွဲကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် မဲဒီး ကျေးရွာရှိ ဘောလုံးအားကစား ကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌဖလား ဘော လုံးပြိုင်ပွဲအတွက် ဒက္ခိဏသီရိမြို့ နယ်အသင်းနှင့် ပုဗ္ဗသီရိမြို့နယ် အသင်းတို့ ယခုလ ၂ဝရက် မွန်းလွဲ ၃နာရီခွဲ၌ ဘောလုံးခြေစမ်းပွဲကစား ရာဒက္ခိဏအသင်းမှ နှစ်ဂိုး-တစ်ဂိုး ဖြင့် ဥတ္တရအသင်းအား အနိုင်ရရှိ ခဲ့သည်။ ယခုလ ၂၂ ရက်တွင် ဥတ္တရသီရိမြို့နယ်အသင်းနှင့် ဒက္ခိဏသီရိမြို့နယ်အသင်းတို့ ခြေစမ်းပွဲကစားရန် စီစဉ်ထား ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနေအိမ်တွင် ခရစ္စမတ်အကြို အခမ်းအနားကျင်းပ

 

၂၀၁၆ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနေအိမ်တွင် ခရစ္စမတ်အကြို အခမ်းအနားကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး နေပြည်တော် တပ်ကုန်းမြို့နယ်မှ ခရစ္စယာန်ဘာသာဝင်များမှ အခမ်းအနားကျင်းပရာ နေအိမ်သို့လာရောက်၍ ခရစ္စမတ်တေးများသီဆိုခြင်း ၊ ဝတ်ပြုဆုတောင်းခြင်း များ ပြုခဲ့ကြပါတယ်။
ထို့နောက် တက်ရောက်လာကြသူများအား ဥက္ကဋ္ဌမိသားစုမှ ကြာဇံဟင်းခါး ၊ လက်ဖက်ရည် ၊ ကော်ဖီ ၊ကိတ်မုန့် ၊ လိမ္မော်သီး တို့နှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်တပ်ကုန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ဒီဇင်ဘာ (၅) ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်နှင့်အဖွဲ့ ရောက်ရှိလာပြီး တပ်ကုန်းမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နေရာအား လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်မိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁ဝသိန်းသွားရောက်လှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မိသားစု နေပြည်တော်ရှိ စွန့်လွှတ် စွန့်စားသူများကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဝေယျာဝစ္စအတွက် ငွေကျပ် ၁ဝ သိန်းကို ဒီဇင်ဘာ (၆) ရက် ညနေက သွားရောက်လှူဒါန်းခဲ့သည်။