ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများတွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင် ဗဟိုလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ဦး၊ ဗဟိုလူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးတင့်ဇော်၊ ဗဟိုလူငယ် ရေးရာကော်မတီအဖွဲ့ဝင် ဦးလှထွန်းဦး၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်း ရေးမှူးဦးဌေးဝင်း၊အရန်ဗဟိုကော်မတီဝင်ပြည်ထောင်စုနယ်မြေပါတီ လူငယ်တာဝန်ခံ ဦးနိုင်လင်းသောင်းနှင့် ပြည်ထောင်စုနယ်မြေပါတီ ကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ နေပြည်တော် ရှစ်မြို့ နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများ နှင့် လူငယ်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။