တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

 

၃၁.၅.၂၀၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။


လူငယ်ညီလာခံကိုယ်စားလှယ်များ စုပေါင်း သွေးလှူဒါန်း

 

၃၁.၅.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ(၂၀၁၈) ညီလာခံလူငယ် ကိုယ်စားလှယ်များ အမှတ်(၂) တပ်မတော် စစ်ဆေးရုံ ကုတင်(၁၀၀၀)နှင့် ပြည်သူ့ဆေးရုံ ကုတင်(၁၀၀၀)
နေပြည်တော်တွင် သွေးများလှူဒါန်း ခဲ့သည်။

 


ဆေးရုံ အတွက် စုပေါင်း အလှူငွေပေးအပ်လှူဒါန်း

 

၃၁ မေ ၂၀၁၈၊ နေပြည်တော်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ စုပေါင်းပြီး နေပြည်တော် ကုတင်( ၁၀၀၀ ) ဆေးရုံကြီး ဘက်စုံအသုံပြုရန် အလှူ ငွေ ၉၉၀၀၀၀ ကျပ်ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ ကြောင်း သိရသည် ။

ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များဆေးရုံဝင်း သန့်ရှင်းရေး ဆောင်ရွက်

 

၃၁.မေ ၂၀၁၈(နေပြည်တော်)

ပြည်ခိုင်ဖြိုး ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသောပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀၀ အထွေထွေ ရောဂါကု ဆေးရုံးကြီးသို့ သွားရောက်ကြပြီး ဆေးရုံ ဝင်းအတွင်း ခြုံနွယ် များ နှင့် အမှိုက်သရိုက် များရှင်းလင်းခြင်း လုပ်ငန်းများ အား စုပေါင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည် ။

ပြည်ခိုင်ဖြိုးလူငယ် တွေရဲ့ အမွန်မြတ်ဆုံး သောအလှူ

 

ပြည်ခိုင်ဖြိုး ဗဟိုလူငယ်ညီလာခံသို တက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ သည် ယနေ့ မနက်ပိုင်း တွင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ ကြီး သို့ သွားရောက်ပြီး သွေးလှူဒါန်းမှုများ ပြုလုပ်ကြရာ ပြည်ခိုင်ဖြိုး ဗဟို အလုပ်မှုဆောင် လူငယ်ရေးရာ တာဝန်ခံ Dr အောင်မြတ်ဦး ဗဟိုကော်မတီဝင် Dr နန္ဒာလှမြင့် နှင့် တာဝန်ရှိသူများ မှ လိုက်လံကြည့်ရှု့အားပေးခဲ့ ကြောင်း သိရသည် ။

လူငယ်ညီလာခံ(၂၀၁၈) တတိယနေ့ ညီလာခံကိုယ်စားလှယ်များ လွှတ်တော်သို့လေ့လာရေး ခရီးစဉ်သွားရောက်ခြင်း


ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ

 

နေပြည်တော်၊ မေ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ကန်ဇွန်းအင်းကျေးရွာရှိ ဦးကျော်မိုးနိုင် (ပါတီဝင်) နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကန်ဇွန်းအင်းကျေးရွာ၊ ပုဇွန်ဆိပ်ကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ သူဌေးကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များအားတွေ့ဆုံ

နေပြည်တော်၊ မေ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ကော် မတီဝင်များနှင့် အရန်ကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

နေပြည်တော်တွင် ဘင်္ဂါလီအရေး ရှုတ်ချကန့်ကွက်ပွဲပြုလုပ်

 

နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား(NVC)ကတ်ဖြင့် ဘင်္ဂါလီများအား လွတ်လပ်စွာသွားလာခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများက စုပေါင်းကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာကွင်း၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

ဘင်္ဂါလီအရေးအား ဦးစားပေးခြင်းကို လယ်ဝေးတွင် ကန့်ကွက်ရှုတ်ချပွဲ ကျင်းပ

 

နေပြည်တော် လယ်ဝေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်း အတွင်း၌ တိုင်းရင်းသားများထက်ဘင်္ဂါလီ အရေးအားဦးစားပေးခြင်းကို ကန့်ကွက် ရှုတ်ချပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
ရှုတ်ချပွဲတွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ် လျက်ရှိသော ဘင်္ဂါလီအရေးကိစ္စများနှင့် NVC (National Verification Card) ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ သွားလာခွင့်ရပြီဟု ပြောကြားခဲ့မှုအပေါ် ဆွေးနွေးခဲ့ပေါ်ဦးကြပြီး အင်အား ၃ဝဝ ခန့်တက် ရောက်ခဲ့သည်။