ပြည်ထောင်စုနယ်မြေ မြို့နယ်ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (ပြည်ထောင်စုနယ်မြေ) တွင် ပြည်ထောင်စုနယ်မြေ မြို့နယ် ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ အခမ်း အနားသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယကများဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ စည်းရုံး​ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ပြည်​​ထောင်​စုနယ်​​မြေ စည်းရုံး​ရေးရာတာဝန်​ခံများ ​တွေ့ဆုံ

 

၅.၉.၂၀၁၇ ရက်​​နေ့ အင်္ဂါ​နေ့တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ တာဝန်​ရှိသူများနှင့်​ ပြည်​​ထောင်​စုနယ်​​မြေအတွင်းရှိ မြို့နယ်​များမှ စည်းရုံး​ရေးရာတာဝန်​ခံများ၊ရုံးဝန်​ထမ်းများနှင့်​​တွေ့ဆုံပွဲအား ပြည်​​ထောင်​စုနယ်​​မြေပါတီရုံးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

၎င်း​တွေ့ဆုံပွဲသို့ ဗဟို​ကော်​မတီဝင်​ ဦးလှထွန်းဦး ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ ၊ ပြည်​​ထောင်​စုနယ်​​မြေအတွင်း​ရေးမှူး ဦး​ဌေးဝင်း ၊ တိုင်း​ကော်​မတီဝင်​ စည်းရုံး​ရေးရာတာဝန်​ခံ ​ဒေါ်ရီရီဝင်း၊ ခရိုင်​ဥက္ကဌ ဦး​အောင်​နိုင်​ဦး ၊ မြို့နယ်​များမှ စည်းရုံး​ရေးရာတာဝန်​ခံများ ၊ မြို့နယ်​ပါတီဝန်​ထမ်းများ(ကွန်​ပျူတာ)တို့တက်​​ရောက်​ခဲ့ကြပါသည်​။

လယ်ဝေးပြည်ခိုင်ဖြိုးပါတီမှ ပြန်လည်ပြင်ဆင်ရွေးချယ်ပွဲပြုလုပ်

 

ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲစည်းရေး မျက်နှာစုံညီအစည်းအဝေးကို သြဂုတ်လ ၂၆ ရက်   နံနက် ၉နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟိန်းအောင်(နေပြည်တော်)


ဥတ္တရသီရိမြို့နယ်နှင့်ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ဥတ္တရသီရိမြို့နယ် ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေးမျက်နှာစုံညီအစည်း အဝေးကိုကျင်းပရာ ပြည်ထောင်စုနယ်မြေပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကများ ဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်း ရေးမှူးဦးဌေးဝင်းနှင့်ကော်မတီဝင်များ ၊နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ဥတ္တရသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝခန့် တက်ရောက်ခဲ့ကြသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း

 

နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

မိဘမဲ့ကလေးငယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလှူငွေများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယမန်နေ့နံနက် ၁၁နာရီခွဲကနေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ စမတောင်တော် မဟာပရဟိတ-စမတောင် လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့သွားရောက်ကာ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ စမတောင်တော် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ မိဘမဲ့ ကလေးငယ်များ၏ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရေးအတွက် စမတောင်တော် ဆရာတော် ဘဒ္ဒန္တÓဏိန္ဒ ထံသို့ အလှူငွေကျပ် ၉၅ဝဝဝ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း(၁/၂ဝ၁၇)ဖွင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ်၌ ယနေ့နံနက် ၉နာရီခွဲတွင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/ ၂ဝ၁၇)ဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားအစီအစဉ်ငါးရပ် ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးက သင်တန်းဖွင့် အမှာစကားပြောကြား၍ မြို့နယ် ပါတီ ဥက္ကဋ္ဌက သင်တန်းဖွင့်ရသည့်ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများ ရှင်းလင်း ပြောကြားခဲ့ပြီး ဘာသာရပ်များအလိုက် စတင် ပို့ချခဲ့ကြောင်း သိရသည်။

ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယ​မန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်​ပါတီရုံးခန်းမ၌ ဝါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းပွဲ ကျင်းပပြုလုပ်​ခဲ့ပါသည်​။ အဆိုပါလှူဒါန်းပွဲသို့ ပြည်​​ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပြည်​​ထောင်​စုနယ်​​မြေ​နာယက ဦးခင်​​မောင်​​ဌေး (အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​-ငြိမ်း)၊ ဦးမှတ်​ကြီး (အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​-ငြိမ်း)၊ ပြည်​​ထောင်​စုနယ်​​မြေအတွင်း​ရေးမှူးနှင့်​ ​ကော်​မတီဝင်​များ၊ ​နေပြည်​​တော်​ခရိုင်​ ဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊ ​နေပြည်​​တော်​ ၈ မြို့နယ်​မှဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ​ဒေါ်ဝင်းဝင်းသီနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ၊ရပ်​​ကျေး ၃၆ အုပ်​စုမှ အမာခံ စည်းရုံး​ရေးအဖွဲ့ဝင်​များ စုံလင်​စွာ တက်​​ရောက်​ခဲ့​ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို

 

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့ နံနက် ၈ နာရီခွဲက နေပြည်တော်၊ ပျဉ်းမနား၊ ပန်းခင်းလမ်းရှိ မဟာဗုဒ္ဓဝင်သာသနာ ပြု မင်းဝင်တောင်စိန္တမုနိကျောင်းတိုက် အောင်သာတန်ခိုးစင်္ကြာရှင်စေတီ တော် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှူဆောင် များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးအောင်တင်မြင့် တက်ရောက် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။