သက်တော်ရှည်ဆရာတော်ကြီးများအား ဒက္ခိဏသီရိပြည်ခိုင်ဖြိုး ပထမအကြိမ် သံဃပူဇနိယပူဇော်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီးကျေးရွာဇေယျသိဒ္ဓိကျောင်းတိုက်တွင် သက်တော်ရှည်ဆရာတော် ကြီးများအား ပထမအကြိမ် သံဃပူဇနိယပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးမြင့်လှိုင် မိသားစုနှင့် ပြည်ခိုင်ဖြိုး ပါတီတို့ပူးပေါင်း၍ မဲဒီးဇေယျသိဒ္ဓိကျောင်းတိုက်ဆရာတော် ဦးဝိ မလာစာရအား အမှူးထားကာ ပင့်သံဃာတော်ဆရာတော်ကြီး ၁၇ ပါးအား သံဃပူဇနိယပွဲကျင်းပခဲ့ရာ ဧည့်ပရိသတ်က ရွှေကြာပင် အောင်ရတနာကျောင်းတိုက်မှ ဆရာတော်ဦးကုသလထံမှ သီလပေး တရားနာယူခဲ့ပြီး လှူဖွယ်ဝတ္ထူပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ ကျေးရွာများသို့ ဆန်များလျှော့ဈေးဖြင့် လိုက်လံရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မိဘပြည်သူများ အတွက် အထူးလျှော့ဈေးဖြင့် ဆန်များကို ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူ သီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ၊ လူငယ်/ အမျိုးသမီး၊ ရပ်/ကျေးအဖွဲ့များ စုပေါင်းပြီး မော်တော်ယာဉ်များဖြင့် မြို့နယ်များရှိ ကျေးရွာများအရောက် ဆန်တစ်ပြည်လျှင် ကျပ် ၁၁ဝဝ နှုန်းဖြင့် လိုက်လံရောင်းချပေး လျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်ပါတီဝင်များက ပြည်သူများအတွက် အထူးလျှော့ဈေးဖြင့် ဆန်များရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယမန်နေ့မှစ၍ ဥတ္တရသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သီဟသွေး လူငယ်များက ပြည်သူအတွက် အထူး လျှော့ဈေးဖြင့် ကျေးရွာများအရောက် ဆန် ရောင်းချပေးလျက်ရှိသည်။

မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဖောင်းလောင်ကျေးရွာ၊ သဲကျွန်းကျေးရွာ နှင့် မင်းကုန်းကျေးရွာများသို့ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီဟသွေးလူငယ်များက စုပေါင်း၍ ဒေသပေါက်ဈေး ဆန်တစ်ပြည် ကျပ် ၁၃ဝဝ ရှိနေချိန်တွင် ဇေယျာသီရိ ပြည်ခိုင်ဖြိုးပါတီဝင်များက တစ်ပြည်ကို ကျပ် ၁ဝဝဝ ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒက္ခိဏသီရိမြို့ နယ်ရုံး၌ ယမန်နေ့နံနက် ၉ နာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပရာတွင် နိုင်ငံတ်ာအလံအားအလေးပြု ပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၁၀/၂၀၁၈) ကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၀/၂၀၁၈) အခမ်းအနားအား ယမန်နေ့ (၉-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီမှ (၁၁း၀၀) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်တူးအောင်မှ စည်းရုံးရေးနှင့် ပတ်သက်သည်များကို လည်းကောင်း၊ တက်ရောက်လာသည့် ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များကို ပါတီဝတ်စုံ ပုဆိုးများ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဥတ္တရသီရိ၌ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၎

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပရေး ကြိုတင်လေ့ကျင့်

 

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးကျင်းပမည့်ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် ကြို တင်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်း တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇမ္ဗူသီရိမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားကို အပိုင်းသုံးပိုင်း ခွဲကျင်းပရာတွင် နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ကွန်ပျူတာ သင်တန်းခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်းအမှတ် စဉ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့သည်။