ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းပါတီကော်မတီဝင်များ ခရိုင်ဥက္ကဌများ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့တွင် တွေ့ဆုံ

 

မေ ၆ ၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင်များ၊ တိုင်းအတွင်းရှိ ခရိုင်ပါတီများမှ ခရိုင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပါတီခန်းမတွင် ၆-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင် ပြောကြားခဲ့ပါသည်။

#USDP

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် မုခ်ဦးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 

လေးမျက်နှာ ဧပြီ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင် တင်မြင့်သည် ယမန်နေ့ နံနက် ၉ နာရီက လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု မန်ကျည်းပင်ကွင်းကျေးရွာရှိ သမိုင်း ဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတ ခရိုင် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ မုခ်ဦး အလှူရှင်များနှင့်အတူ တက်ရောက်ဖွင့် လှစ်ခဲ့ပြီး ဖောင်တော်ဦးကျောင်းတိုက် ဆရာတော်နှင့် ပင့်သံဃာတော်များအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ကျေးရွာပါတီဝင်များ နှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ငါးဖားအိုင် ကျေးရွာရှိ ပါတီဝင်ဒေါ်စန်းအေး နေအိမ်၌လည်းကောင်း၊ မွန်းတည့် ၁၂နာရီက ခြောက်ရွာကျေးရွာရှိ ပါတီဝင်ဦးခင်မောင်ညွန့် နေအိမ် တွင်လည်းကောင်းကျင်းပခဲ့ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဗုဒ္ဓပူဇနိယပွဲတော် ငွေပဒေသာပင်လှူဒါန်း

 

ကန်ကြီးထောင့် ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ် ကျင်းပသော လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘာသန္တရတက္ကသိုလ်တော်ကြီး၏ ၆၂ နှစ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲတော်ကြီးကို နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာသုတမဟာထေရ်ဆရာတော်ကြီး အမှူးပြု၍ ၁၃၈ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၁ ရက်မှ ၇ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်ကျောက်ခင်းရန်ငွေလှူဒါန်း

 

ရေကြည် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး ပု သိမ်ခရိုင် ရေကြည်မြို့နယ် ဘွဲ့ငူ ကျေးရွာအုပ်စု ငပိဆိပ်ကျေးရွာ အတွင်း ထေလာကွင်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးဆောင် ပြီး ကျောက်ကြီး ကျောက်ချော လမ်းခင်းရန် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဥက္ကဋ္ဌဦးကြည်သန်းနှင့် မြို့နယ်ပါတီကော်မတီဝင်ဦးအောင် သက်ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီတွင် ကျောက်ခင်းရန်အတွက် အလှူငွေကျပ်၁ဝဝဝဝဝ ကို ဆရာ တော်ထံလှူဒါန်းခဲ့ပြီး ဆရာတော် က ရေစက်ချတရားဟောကြား ကြောင်း သိရသည်။ လမ်း၏ အရှည်မှာ ပေ၂၆၆ဝ၊ အကျယ်မှာ ၁၂ ပေရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်းစရာဟောပြောဆွေးနွေး

 

ပန်းတနော် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့်လစဉ် ပုံမှန်အစည်းအဝေးနှင့် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ သိကောင်း စရာ ဟောပြောဆွေးနွေးမှု အခမ်း အနားကို ကျင်းပခဲ့ကြောင်း သိရ သည်။

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​မှု့​ဆောင်​ ဦး​ဝေလွင်​ လူထု​ဟော​ပြောနည်း သင်​တန်းပို့ချ

 

ဧပြီလ ၃ ရက်​ ၊ အင်္ဂပူမြို့နယ်​ ။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်​ ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးခန်းမ၌ ယ​နေ့ နံနက်​ ၉း၃၀ အချိန်​တွင်​ လူထု​ဟော​ပြောနည်း သင်​တန်းပြုလုပ်​ခဲ့သည်​။သင်​တန်းသို့ ပါတီဗဟို အလုပ်​မှု့​ဆောင်​ ​နေပြည်​​တော်​ပြည်​​ထောင်​စုနယ်​​မြေ ဥက္ကဌ ဦး​ဝေလွင်​၊ဟင်္သာတခရိုင်​ ဥက္ကဌ ဦးညွန့်​လှိုင်​နှင့်​ခရိုင်ပါတီေ​ကာ်​မတီဝင်​များ၊ ဟင်္သာတမြို့နယ်​ ဥက္ကဌနှင့်မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊​လေးမျက်​နှာမြို့နယ်​ ဥက္ကဌ နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊အင်္ဂပူမြို့နယ်​ဥက္ကဌ ဦး​နေလင်း​အောင်​၊အတွင်း​ရေးမှူး၊ဘဏ္ဍာ​ရေးမှူး၊ုမြို့နယ်​ပါတီ​ကော်​မတီ၊အရံ​ကော်​မတီဝင်​များနှင့်ရပ်​ကွက်​နှင်​​ကျေးရွာ(၈၀)အုပ်​စုမှ ဥက္ကဌများ ပါတီဝင်​ များ တက်​​ရောက်​ခဲ့ကြသည်​။

ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်းစရာဟောပြောဆွေးနွေးပွဲ မအူပင်မြို့နယ်တွင်ပြုလု

 

မအူပင် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဟောပြောဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှစတင်လျက် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ပည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် လူထုဟောပြောနည်းသင်တန်းပို့ချ

 

ဓနုဖြူ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် လူထုဟောပြောနည်းသင်တန်းပြုလုပ်သည်။ သင်တန်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ မအူပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဖြိုးနှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ၈၁ အုပ်စုမှ ဥက္ကဋ္ဌများ ပါတီဝင်များ တက်ရောက်ခဲ့သည်။