လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

လားရှိုး အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ရုံးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ပါတီ ဒုဥက္ကဋ္ဌဦးအောင်သူနှင့် ကော်မတီဝင်များ၊ လားရှိုးခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့် အမျိုးသမီး ရေးရာအဖွဲ့များ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များနှင့်ရပ်ကွက်ကျေးရွာများမှ အမျိုးသမီးကိုယ် စားလှယ်များ စုစုပေါင်းအင်အား ၁၃ဝ ကျော်တက်ရောက်ကြသည်။

မဘိမ်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘောလုံးအသင်းအတွက် အားကစားပစ္စည်းများလှူဒါန်း

 

မဘိမ်းအောက်တိုဘာ ၂

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးတိုးမြင့် အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ နံနက် ၈နာရီက ကုန်းမခံ ကျေးရွာသို့သွားရောက်ပြီး အမျိုး သားဘောလုံးအသင်းနှင့်အမျိုး သမီးဘောလုံးအသင်းများအား ဂိုးတိုင်၊ ဂိုးပိုက်နှင့်ဘောလုံးများ အားလည်းကောင်း၊ နမ့်ပုံးပုံးရပ် ကွက်ဘောလုံးအသင်းအား ဘော လုံးများကိုလည်းကောင်းလှူဒါန်း ကြရာ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ နှင့် အမျိုးသား အမျိုးသမီးဘော လုံးအသင်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုထောက်ခံ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်းသွေးလှူဒါန်း သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

 

လားရှိုး စက်တင်ဘာ ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံကို ကြိုဆိုထောက်ခံ သောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်း၊သန့်ရှင်း ရေးလုပ်အား ပေးခြင်းများဆောင် ရွက်ကြကြောင်း သိရသည်။

မဘိမ်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးဖွံ့ဖြိုး​ရေးပါတီ၊ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ ပေးအပ်​ပွဲကျင်းပ

 

မဘိမ်း ၂၇-၉-၂၀၁၈

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)၊မဘိမ်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးဖွံ့ဖြိုး​ရေးပါတီ၊ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ ပေးအပ်​ပွဲကိုယ​နေ့(၂၇.၉.၂၀၁၈) မဘိမ်းပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)၊ပြည်​ခိုင်​ဖြိုးပါတီ ပြည်​နယ်​အတွင်း​ရေးမှူး​ဒေါက်​တာလဆိုင်း၊ပြည်​နယ်​ဘဏ္ဍာ​ရေးမှူးဦးစိုင်းခမ်း​ကော်​၊ပြည်​နယ်​​ကော်​မတီဝင်​​ဒေါက်​တာ​မောင်​သီ၊ ကျောက်​မဲခရိုင်​ဥက္ကဌဦးဝင်းမြင့်​၊မိုးမိတ်​ခရိုင်​ဥက္ကဌဦးစိုးမြင့်​၊ မိုးခရိုင်​​အတွင်း​ရေးမှူးဦးမြင့်​လှိုင်​၊မဘိမ်းပါတီဥက္ကဌဦး​ဇော်​လွင်​၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ပါတီဝင်​များစုစု​ပေါင်း(၃၅၀)တက်​​ရောက်​ခဲ့ကြပါသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​သူစုစု​ပေါင်းမှာ
(၂၈၀)ဦးဖြစ်​​ပြီးမဘိမ်းပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦး​ဇော်​လွင်​မှ ပါတီဝင်​နှစ်​စဉ်​​ကြေး(၂၈၀၀၀၀)ကျပ်​ကို​ပေးအပ်​ရာ
ပြည်​နယ်ဘဏဏ္ဍာေ​ရးမှူးမှလက်​ခံရယူပါသည်​။

ဆက်​လက်​၍ပြည်​နယ်​အတွင်း​ရေးမှူး​ဒေါက်​တာလဆိုင်းနှင့်​ပြည်​နယ်​ဘဏ္ဍာ​ရေးမှူးတို့မှအလှူ​ငွေများပြန်​လည်​လှူဒါန်းခဲ့ကြပြီး ပါတီဝင်​အသစ်​များအားပါတီရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးကာ မဘိမ်းမြို့နယ်​ပါတီအဆိုပြုလွှာ​ပေးအပ်​ပွဲ​အောင်​မြင်​စွာပြီးဆုံးခဲ့ ​ကြောင်းသိရှိရပါသည်​။


သိန္နီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မန်စပ်ကျေးရွာအမကသို့ ဗလာစာအုပ်များလှူဒါန်း နံနက်စာအာဟာရကျွေးမွေး

 

သန္နီ စက်တင်ဘာ ၂၃

သိန္နီမြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းစံအေးနှင့် မြို့နယ်ပါတီ ကော်မတီဝင် များ၊ရုံးအဖွဲ့များ၊ စည်းမှူးများသည် ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် ဥယျာဉ်မှူးကျေးရွာ အုပ်စု အမက မန်စပ်ကျောင်းရှိ ကျောင်းသား ၃၃ ယောက်နှင့် ဆရာများအား ရှမ်းပြည်အစိုးရ လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းလှူဒါန်းလာသော စာရေးကိရိယာ များကိုသွားရောက်လှူဒါန်းခဲ့ကြောင်း၊ သိန္နီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကကျောင်းသားကျောင်းသူများအား အာဟာရဖြည့်စွက်စာဖြစ်သော ထမင်းကြော် ဖြင့်ကျွေးမွေး အလှူဒါနပြုခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

 

မဘိမ်း စက်တင်ဘာ ၁၁

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မဘိမ်းမြို့နယ်ပါတီရုံး၌ ကျင်းပရာ မိုးမိတ်ခရိုင်အတွင်းရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးရွာပါတီဥက္ကဋ္ဌများ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပါတီအောင်နိုင်ရေး၊ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌနှင့်အဖွဲ့ သမိုင်းဝင်ဓါတ်လုံစေတီတော်တွင် ပါဝင်လုပ်အားဒါနပြု

 

၇ – ၉ – ၂၀၁၈ ရက်နေ့တွင် မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးကော်မတီများသည် မိုင်းယောင်းမြို့ သမိုင်းဝင်ဓါတ်လုံစေတီတော်ရင်ပြင်၌ ဆောက်လုပ်နေသော နှစ်ထပ်ဇရပ်ဆောင်ကွန်ကရစ် ကြမ်းခင်းလောင်းရာတွင် မိုင်းယောင်းမြို့နယ်မှ ဟိုခုံရပ်ကွက်လူထုများ၊ ယန်းမွန်းကျေးရွာမှလူထုများ၊ တာပေါက်ကျေးရွာမှလူထုများနှင့်အတူ ပါဝင်လုပ်အားပေးဒါနပြုကြပါသည်။


မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာအုပ်စုပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

မိုးမိတ် စက်တင်ဘာ ၆

မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် ခရိုင်ဘဏ္ဍာရေးမှူး ဦးစောဦး၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးတိုးတို့နှင့်အတူ ယမန်နေ့က လက်ခုတ်ပင် ကျေးရွာသို့သွားရောက်ပြီး အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ရေပူအင်းကျောင်း အဆင့်တိုးမြှင့်ရေးကိစ္စ ညှိနှိုင်းဆွေးနွေး ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။