ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – —————–ဦးခင်မောင်အေး
ပါတီ ——————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အဖအမည် —————– ဦးအောင်ဥာဏ်
ပညာအရည်အချင်း – ———– MA (English); M.P.A; DIR; DOS;
Diploma in English; B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် —————– အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လမ်းမတော်မြို့နယ်၌ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ်အတွင်း၌ လမ်းမတော် မြို့နယ်နှင့် ကျောက် တံတားမြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များက လမ်းမတော်မြို့နယ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း မဲဆွယ်စည်းရုံးရေးကို ယခုလ ၁၉ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြာင်း သိရသည်။

(more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

အမည် ————— ဦးနေလင်း
ပါတီ ——————— ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း—— BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ——– ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

 

 

(more…)


လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုသည် (၁၉.၂.၂၀၁၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါသည်။

(more…)


ပါတီအောင်နိုင်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံးဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင်ကော်မတီ ၀င် ဦးသောင်းမြင့်၊ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာမြို့နယ် ပါတီကော်မတီဝင် ဦးအောင်တင်ဝင်း၊ ဦးမြင့်သိန်း၊ ဦးစောလွင်ဦး တို့နှင့် ရွှေလင်ပန်းကျေးရွာ ပါတီဥက္ကဌ ဦးအေးတင့်နှင့် အောင်နိုင်ရေးပါတီဝင်များသည် ဖေဖော်ဝါရီ (၂၀) ရက်က ရွှေလင်ပန်းကျေးရွာ၊ ကျုံစုကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ်တက်ဆင်း သွားရောက် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်း စည်းရုံးဆောင်ရွက်ခြင်းအား ယခုလ ၁ ရက်မှ စတင်ဆောင်ရွက်လျက် ရှိသည်။

 

(more…)


ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ကျေးရွာအရောက် ပါတီအောင်နိုင်ရေးအလံပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၂၀) ရက် နံနက် ၉ နာရီမှစ၍ ကော့မှူးအနောက်ခြမ်းဒေသ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပားကျေးရွာများရှိ ဒေသခံပြည်သူတို့ထံ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်မိတ်ဆက်လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီး ပါတီအောင်နိုင်ရေးအလံများ ပေးအပ်ခဲ့ရာ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးတို့က ဦးဆောင်၍ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကော်မတီများ၊ ကော့မှူး မြို့နယ် မြို့နယ်ပါတီကော်မတီများ၊ ကျေးရွာပါတီခေါင်းဆောင်များ စုပေါင်းဝန်းရံအင်အား ၉ဝ ကျော်တို့ဖြင့် တက်ကြွစွာဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့မှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်ရှိ ဆုတောင်းပြည့်အောင်မြေသာယာရွှေစေတီတော် မြတ်ကြီးတွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃နာရီက (၂၃)ကြိမ် မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက် ပိုင်းခရိုင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဒုဥက္ကဋ္ဌများနှင့် ကော်မတီဝင်များသည်ဆုတောင်းပြည့် အောင်မြေ သာယာရွှေစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ယမန်နေ့မွန်းလွဲ ၃ နာရီတွင် လှိုင်သာယာမြို့နယ်ဆုတောင်း ပြည့်အောင်မြေသာယာရွှေစေတီတော်(၂၃)ကြိမ်မြောက်ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ဘုရားအမှူးပြုသော ရဟန်းသံဃာ သီလရှင်အပါး ၁၅ဝ ကို ဆွမ်းဆန်စိမ်း၊ ဆပ်ပြာ၊ခေါက်ဆွဲခြောက်များ လောင်းလှူ ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု၊လှိုင်သာယာမြို့နယ် ပါတီနာယကဦးကြည်စိုး၊ လှိုင်သာယာမြို့နယ်ပါတီခေတ္တဥက္ကဋ္ဌဦးဇေယျာအောင်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကြီး(၂ဝ)ကျေးရွာကြီးကိုးအုပ်စု မှ ပါတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ပါတီဝင်များစုပေါင်းလှူဒါန်းခဲ့သည်။

ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှု ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီ သည် နှစ်(၇ဝ)ပြည့် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအားဖြင့် နွေဦး အားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထ အကြိမ်မြောက် ရပ်ကွက်နှင့် ကျေး ရွာပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင် ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ ကို မြို့နယ်ပါတီရုံး အားကစား ကွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။