ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဌာပနာသွင်းပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းဆေးဝါးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကုသိုလ်ပါဝင်

ရန်ကုန် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် တည်ထားပြီးစီး ခဲ့သည့် ဆုတောင်းပြည့် အောင်တော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာသွင်းလှူ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ရာ ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လာရောက်ကြသည့် ဧည့်ပရိသတ်များကို တိုင်းရင်းဆေးဝါးများအသုံးပြု၍ ကျန်းမာ ရေးကူညီစောင့်ရှောက်မှု ကုသိုလ်ပါဝင်ခဲ့ သည်။

သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များအစည်းအဝေးကျင်းပ

 

ဧပြီလ ၁

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့ အမှတ်(၁)ရပ်ကွက်မာဃလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝနာရီက ရပ်ကွက်ကျေးရွာများ လပတ်အစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်ခင်မြတ်စုက အဖွင့် အမှာစကားပြောကြားကြောင်း သိရသည်။

ထို့နောက်မြို့နယ်ပါတီကော်မတီဝင်ဦးကျင်ဝင်း၊ ဦးသိန်းအောင် တို့ကနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆောင်ရွက်နေမှုများကိုတင်ပြဆွေးနွေးကြပြီး ရပ်ကျေးပါတီ ကော် မတီဝင်များကလည်း လိုအပ်ချက်များကိုတင်ပြ၍ ညှိနှိုင်းကာ ရှေ့ ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

 

ရန်ကုန် မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁ဝ၅)ရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတာဝန် ရှိသူများသည် အခြေခံစားသောက် ကုန်ဖြစ်သော ဆန်နှင့်ဆီများ ပြည် သူများ ဈေးနှုန်းချိုသာစွာဖြင့်အဆင် ပြေစွာဝယ်ယူနိုင်ရန်တတိယအကြိမ် မြောက် ယမန်နေ့ နံနက်တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ကာ့မှူးပြည်ခိုင်ဖြိုးပါတီရပ် /ကျေးကော်မတီများနှင့် ပုံမှန်လပတ်အစည်းအဝေးပြုလုပ်

ရက်​စွဲ ။ ၂၀၁၉ခုနှစ်​ ၊ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီများနှင့်ပုံမှန်လပတ်အစည်းအဝေးကို မတ် ၂၈ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့် က ၊မြို့ နယ်ပါတီရုံးခန်းမ၌
ပြုလုပ်ခဲ့သည်။

ထိုတွေ့ ဆုံပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးလွင်ဦးမှတက်ရောက်ကာ ၊ရပ်/ကျေးကော်မတီများစုံလင်စွာတက်ရောက်လာကြသည့်အတွက်မိမိအနေဖြင့်အထူးပင်ဝမ်းမြောက် ကြောင်းနှုတ်ခွန်းဆက်စကားပြောကြားကာပါတီ၏မူဝါဒများ ၊ ရှေ့ လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားပေးခဲ့သည်။

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၅

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လမ်းအလိုက် ပါတီတာဝန်ခံများ၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတွေ့ဆုံပွဲနှင့် ညစာစားပွဲကို ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့် ဆီများရောင်းချပေး

 

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တာဝန်ရှိသူများသည် ဒဂုံ တောင်မြို့နယ်နေပြည်သူများ စား ဝတ်နေရေးသက်သာချောင်ချိစေ ရန်ရည်ရွယ်၍ ယမန်နေ့ နံနက်မှစတင် ကာ ဆန်နှင့်ဆီများကို ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၄

ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌ ဦးတင်ယု၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဦးထွန်းထွန်းဦး၊ ဦးရဲဝင်းရှိန်တို့သည် ထန်းတပင် ပါတီရုံး၌လပတ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံညှိနှိုင်း

 

မတ်လ ၂၁

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးသည်မတ်လ(၂၁)ရက်နေ့လည်(၁)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးတိုင်းခရိုင်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဒေါက်တာကျော်စိုးတိုင်းအမျိုးသမီးရေးရာတာဝန်ခံဒေါ်စန်းစန်းဝင်းနှင့်တိုင်းပါတီကော်မတီဝင်များတိုင်းခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ကြသည်။

အစီအစဉ်အရရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာသောအမျိုးသမီးတာဝန်ခံများသည်ပြည်ခိုင်ဖြိုးပါတီ၏ကြီးမားသောအင်အားစုတစ်ရပ်ဖြစ်သောကြောင့်ပါတီအောင်နိုင်ရေးနှင့်နိုင်ငံ့အရေးကိစ္စများတွင်အင်တိုက်အားတိုက်ပါဝင်ကြစေလိုကြောင်းမြန်မာနိုင်ငံသည်အမျိုးသားရေးစိတ်ဓာတ်ကြောင့်သူ့ကျွန်ဘဝကလွပ်မြောက်လာခြင်းဖြစ်ကြောင်းအမျိုးသားရေးစိတ်ဓာတ်ရှိဖို့လိုကြောင်းထို့ကြောင့်အမျိုးဘာသာ သာသနာမကွယ်ပျောက်စေရန်ဝိုင်းဝန်းထိမ်းသိမ်းကြဖို့လိုကြောင်းယခုအခါတရားဥပဒေစိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေးနှင့်လုံခြုံရေးကဏ္ဍများယိုယွင်းလျှက်ရှိကြောင်းထို့ကြောင့်ပြည်သူများအမျိုးသားရေးစိတ်ဓာတ်ရှင်သန်နိုးကြားလာဖို့လိုကြောင်းပါတီအောင်နိုင်ရေးလုပ်ငန်းများတွင်အမျိုးသမီးထုမှအင်တိုက်အားတိုက်ပါဝင်ကြစေခြင်ကြောင်းမှာကြားသည်။

ဆက်လက်၍ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံပါတီဗဟိုကော်မတီဝင်ဒေါ်စန်းစန်းဝင်းမှရန်ကုန်တိုင်းမှအမျိုးသမီးထုများ၏လုပ်ငန်းဆောင်ရွက်မှုများပါတီစည်းရုံးရေးလုပ်ငန်းစဉ်များတွင်အမျိုးသမီးများပါဝင်ဆောင်ရွက်ရေးအမျိုးသမီးများစွမ်းရည်မြင့်မားရေးလေ့ကျင့်သင်ကြားပေးရေးကိစ္စများကိုရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့်ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများမှခရိုင်နှင့်မြို့နယ်အလိုက်ဆောင်ရွက်လျှက်ရှိသည့်အမျိုးသမီးထုလုပ်ငန်းစဉ်များကိုတင်ပြကြရာတိုင်းတာဝန်ခံဒေါ်စန်းစန်းဝင်းမှပြန်လည်ရှင်းလင်းဖြေကြားပြီးတွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ကျိုက်မှော်ဝန်းရေလယ်စေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရှေးဟောင်း သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ် စေတီတော်(၁ဝ၉)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဘုရားအမှူးရှိသောပင့် သံဃာ ၁၈၉ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော ပဒေသာပင်စုစု ပေါင်းလှူဒါန်းငွေ တစ်သိန်းသုံး ကျပ်အား ဖလမ်းကန်ဦးကျောင်း (အေးမြသီတာ) ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မ တီဝင် ရန်ကုန်တိုင်းဒေသကြီးပြည် ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူးဒေါ်အေး မင်းမိုး၊မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့် နှင့် ရုံးဝန်ထမ်းများက ပင့်သံဃာ ၁၈၉ပါးအား ဆွမ်းဆန်စိမ်းလောင်း လှူကြသည်။

ရွှေကြာရံစေတီတော်မြတ်ထီးတော်တင်ပထမနေ့ထီးတော်အပ်ပွဲနှင့်ပိန္နဲတိုင်စိုက်ထူသည့်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်​ခြင်း

 

ရန်​ကုန်​တိုင်း၊ လှည်းကူးမြို့နယ်​၊ ပုတ်​သင်​ညို​ကျေးရွာရှိ​ရွှေကြာရံ​စေတီ​တော်​မြတ်​အားထီး​တော်​တင်​ပထမ​နေ့ထီး​တော်​အပ်​ပွဲနှင့်​ပိန္နဲတိုင်​စိုက်​ထူသည့်​မင်္ဂလာအခမ်းအနားတွင်​ရန်​ကုန်​တိုင်းပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှတိုင်း​ကော်​မတီဝင်​ဦးတင်​​မောင်​ဝင်းမှဦး​ဆောင်​ကာ​မြောက်​ပိုင်းခရိုင်​ဥက္ကဌဦးတင်​ယု၊အတွင်း​ရေးမှူးဦးမျိုး​ဇော်​၊ခရိုင်​​ကော်​မတီဝင်​ဦးရဲဝင်းရှိန်​၊လှည်းကူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှမြို့နယ်​ပါတီဥက္ကဌ၊အတွင်း​ရေးမှူးနှင်​မြို့နယ်​​ကော်​မတီဝင်​များ၊မင်္ဂလာဒုံမြို့နယ်​၊တိုက်​ကြီးမြို့နယ်​၊​မှော်​ဘီမြို့နယ်​တို့မှမြို့နယ်​ပါတီဥက္ကဌနှင့်​အတွင်း​ရေးမှူးများအခမ်းအနားသို့တက်​​ရောက်​ခဲ့ကြပါသည်​။

##Chan Mya Aye